Powered by Blogger.

နေမာကို ရီးရဲလ်မက်ဒရစ်မှာ လာကစားဖို့ ဖိတ်ခေါ်လိုက်တဲ့ ရာမို့စ်



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့  Sergio Ramos (ဆာဂျီယိုရာမို့စ်) ကတော့ သူတို့အသင်းရဲ့ အကြီးမားဆုံးပြိုင်ဘက်အသင်းဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူး Neymar (နေမာ) ကိုတော့ ရီးရဲလ်အသင်းမှာ လာကစားတာကို မြင်နေချင်မိတယ်လို့ ပြောပါတယ်။

ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲမှာဆိုရင်တော့ နေမာဟာ ရီးရဲလ်အသင်းဖော်တွေနဲ့ ရင်းရင်းနှီးနှီးရှိနေခဲ့ပြီး အခုလို ရာမို့စ်ရဲ့ ဖိတ်ခေါ်လိုက်မှုကလည်း နေမာအနေနဲ့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖွယ်သတင်းတွေကလည်း ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားကတော့ သူ့အနေနဲ့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့ဖြစ်မှာ မဟုတ်ဘဲနဲ့ ကမ်းလှမ်းလာတဲ့ အသင်းတိုင်းကိုလည်း ပယ်ချထားတယ်လို့ ပြောပါတယ်။ ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်ကလည်း သူတို့ရဲ့ ကစားသမားဟာဆိုရင်တော့ ဘယ်အသင်းကိုမှ ပြောင်းရွှေ့သွားမှာ မဟုတ်ဘဲ အနှေးနဲ့အမြန်သာ သက်တမ်းတိုးစာချုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း နေမာအနေနဲ့ အသင်းပြောင်းရွှေ့ကစားသင့်ပြီး ဘရာဇီးလ်သားတွေရဲ့ ခြေစွမ်းဟာဆိုရင်တော့ ဘယ်နေရာမှာမဆို တောက်ပနေမှာဖြစ်တယ်လို့ ရာမို့စ်က ပြောပါတယ်။ “ နေမာဟာဆိုရင်တော့ ခြားနားမှုတွေကို ပြုလုပ်နိုင်တဲ့ ခမ်းနားတဲ့ကစားသမားတစ်ယောက်ပါ။ ဘောလုံးဆိုတာကတော့ မခန့်မှန်းနိုင်ပါဘူး။ သူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ကောလဟလတွေကလည်း အမြဲလိုလိုရှိနေတတ်ပါတယ်။ ဒါပေမယ့် သင်လုံးဝမမြင်ရမယ့် အပြောင်းအရွှေ့တစ်ခုကတော့ ရာမို့စ်က ဘာစီလိုနာကို ပြောင်းသွားတယ်ဆိုတဲ့ဟာပါပဲ။ ” လို့ ရာမို့စ်ကပြောပါတယ်။

နေမာကိုတော့ မန်ယူအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေခဲ့ပြီးတော့ မက်ဒရစ်အသင်းကတော့ အသင်းပြောင်းဖွယ်ရှိတဲ့ ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုနေတာပါ။ ဒါပေမယ့်လည်း ရီးရဲလ်အသင်းကတော့ ရော်နယ်ဒိုကို အသင်းမှာ ဆက်ကစားစေချင်ပါသေးတယ်။ “ ရီးရဲလ်မှာ ရော်နယ်ဒိုကိုတော့ နောက်ထပ်နှစ်တွေအများကြီး ဆက်မြင်နေချင်ပါသေးတယ်။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြောမိတဲ့စကားပါ။ သူက တကယ့်ကို ကြယ်ပွင့်တစ်ယောက်ပဲ ” လို့ ရာမို့စ်က ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment