Powered by Blogger.

ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံရမယ့် အက်ဖ်အေဖလားပွဲစဉ်များ



အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြပြီးတဲ့နောက်မှာတော့ ပဉ္စမအဆင့်ပွဲစဉ်တွေကို ထပ်မံရေးဆွဲထုတ်ပြန်ခဲ့ပါတယ်။ စတုတ္ထအဆင့်မှာ အသင်းကြီးတွေအားလုံး ခြေချော်တာမျိုးမရှိခဲ့တာကြောင့် ပဉ္စမအဆင့်ပွဲစဉ်တွေမှာလည်း အသင်းကြီးတွေရဲ့ ယှဉ်ပြိုင်မှုတွေက ပရိသတ်တွေကို ဆွဲဆောင်နေအုံးမှာပါ။

MK ဒွန်းစ်အသင်းကို ဂိုးပြတ်အနိုင်ပိုင်းပြီး အောင်ပွဲခံလာတဲ့ ချယ်လ်ဆီးအသင်းကတော့ နောက်ထပ်အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အခြားအသင်းကြီးတွေ အကုန်လုံးကတော့ ပွဲချောင်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိချန်ပီယံဖြစ်တဲ့ အာဆင်နယ်အသင်းဟာဆိုရင်တော့ ဟားလ်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာပါ။ ဝက်ဒ်ဖို့ဒ်အသင်းကတော့ လိဒ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒါဘီအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ယူအသင်းကတော့ အသင်းငယ်တစ်သင်းဖြစ်တဲ့ ရှရူးစ်ဘာရီအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာမို့ ပွဲချောင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

စပါးအသင်းကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲဗာတန်အသင်းကတော့ ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဝေးကွင်းကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိတဲ့ ဘလက်ဘန်းအသင်းကတော့ လီဗာပူးလ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ကနေ အနိုင်ရလာမယ့်သူကို အိမ်ကွင်းမှာ ဧည့်ခံရဖို့ အသင့်ရှိလို့နေပါတယ်။

ဒါ့ကြောင့် အက်ဖ်အေဖလားမှာတော့ အသင်းကြီးတွေဆက်ရှိနေဆဲဖြစ်တာကြောင့် ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာက ခန့်မှန်းလို့ မရတဲ့ အနေအထားမှာရှိနေခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေကို မြင်တွေ့ရအုံးမှာလည်း ဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment