Powered by Blogger.

ကိုကွီလင်ပြန်ကစားနိုင်ပြီဆိုတဲ့သတင်းကြောင့် အာဆင်နယ်ပရိသတ်များ ဝမ်းမြောက်လျက်ရှိ



အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာဆိုရင်တော့ အသင်းရဲ့ အားထားရတဲ့ကွင်းလယ်ကစားသမား Coquelin (ကိုကွီလင်)တစ်ယောက် ဒဏ်ရာကနေပြန်သက်သာလာပြီးတော့ ပြန်ကစားနိုင်ပြီဆိုတဲ့ သတင်းကြောင့် ဝမ်းသာလျက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒီကွင်းလယ်ကစားသမားဟာဆိုရင်တော့ ပေါင်ခြံဒဏ်ရာကြောင့် သုံးလလောက်အနားယူနေရတာဖြစ်ပြီး အာဆင်နယ်အသင်းဟာလည်း သူမရှိတဲ့နောက်မှာတော့ နောက်တန်းရဲ့ ပေးဂိုးတွေ ပိုများနေခဲ့တာပါ။








ကိုကွီလင်ဟာ ဒီရာသီမှာတော့ အာဆင်နယ်အသင်းနဲ့အတူ ၁၇ ပွဲ ပါဝင်ကစားထားနိုင်ပြီး နိုဝင်ဘာလကုန်လောက်မှာကစားခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ပွဲမှာ ပြင်းထန်တဲ့ ပေါင်ခြံဒဏ်ရာရရှိခဲ့တာပါ။ သူ့ကိုတော့ လာမယ့်အပတ်အတွင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်မြင်ရဖွယ်လည်း ရှိနေပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment