Powered by Blogger.

ကစားသမားဘဝနေဝင်ချိန်အပြီးမှာ အသင်းမှာဆက်ရှိနေဖို့ တယ်ရီနဲ့ ချယ်လ်ဆီးအသင်းဆွေးနွေးနေ



ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင် John Terry (ဂျွန်တယ်ရီ) ဟာဆိုရင်တော့ သူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူခဲ့ရင်တောင်မှ ချယ်လ်ဆီးအသင်းရဲ့ တစ်ထောင့်တစ်နေရာကနေ ဆက်ရှိနေနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် ခြင်္သေ့ပြာခေါင်းဆောင်ဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းနဲ့ နောက်ထပ်တစ်နှစ်ကစားဖို့အတွက် စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ အခြားကစားသမားတွေဟာဆိုရင်တော့ အနားမယူခင်မှာ အမေရိကဘောလုံးလောကကို ခြေဆန့်လေ့ရှိကြပေမယ့်လည်း တယ်ရီကတော့ ဘယ်အသင်းမှာ ထပ်မကစားချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

The Times သတင်းစာရဲ့ အဆိုအရတော့ တယ်ရီဟာ ကစားသမားဘဝကုန်ဆုံးသွားခဲ့ရင်လည်း ချယ်လ်ဆီးအသင်းရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လိုတဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ တယ်ရီကို အသင်းသံတမန်ရာထူး ဒါမှမဟုတ်ရင် အသင်းရဲ့ နည်းပြ အဖွဲ့ဝင်ရာထူးတစ်နေရာပေးရမလား ဝေခွဲမရသေးပေမယ့်လည်း ဆွေးနွေးမှုတွေကတော့ စတင်လျက်ရှိနေပြီလို့ သိရပါတယ်။

တယ်ရီဟာဆိုရင်တော့ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးနောက်ခံတံတိုင်းတစ်ခုအဖြစ် ရှိနေခဲ့ပေမယ့်လည်း အခုရာသီမှာ အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ ကစားသမားပါ။ ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ အက်ဖ်အေဖလားပွဲစဉ်အဖြစ် အမ်ကေဒွန်းစ်အသင်းနဲ့ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : 101greatgoals




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment