Powered by Blogger.

ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်



လီဗာပူးလ်အသင်းဟာဆိုရင်တော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း Hernandez (ဟာနန်ဒက်ဇ်)ကို ခေါ်ယူဖို့ပြင်ဆင်နေပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်မှုပြုလုပ်မယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ  တိုက်စစ်မှူးတွေအနေနဲ့တော့ Benteke(ဘန်တီကီ) ၊ Sturridge(စတာရစ်ခ်ျ)နဲ့ Origi(အော်ရီဂီ) တို့လို တိုက်စစ်မှူးတွေရှိနေသေးပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ လုံးချာလည်နေတာကြောင့် နည်းပြ ကလော့ပ်က ခြေစွမ်းကောင်းတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူချင်နေတာပါ။

လီဗာပူးလ်အသင်းဟာဆိုရင်တော့ အခုအပြောင်းအရွှေ့မှာတော့ ကစားသမားနှစ်ဦးကို ခေါ်ယူထားပြီးဖြစ်ပြီး ဂရူဂျစ်ကတော့ အသင်းဟောင်းကို အငှားပြန်ကစားနေပြီး စတီဗင်ကော်လူကာကတော့ နောက်တန်းကစားသမားဖြစ်နေတာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ပြုလုပ်နေတာပါ။

လေဗာကူဆင်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဟာနန်ဒက်ဇ်ကိုတော့ လီဗာပူးလ်အသင်းက ကာလရှည်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ မန်ယူအသင်းကနေ လေဗာကူဆင်အသင်းကို မပြောင်းရွှေ့ခင်တည်းက လီဗာပူးလ်အသင်းက ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂျာမန်မြေကို ပြောင်းရွှေ့သွားခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ရှက်တာဒိုးနက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲလက်စ်တိုင်ဆီရာကိုလည်း ဈေးကြီးပေးခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းတွေလည်း ထွက်နေပါသေးတယ်။ ဟာနန်ဒက်ဇ်ကိုတော့ လေဗာကူဆင်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : offthepost
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment