Powered by Blogger.

ဒိုင်နမိုကိဗ်တောင်ပံကစားသမား ယာမိုလန်ကို ကို ခေါ်ယူဖို့ သဘောတူညီမှုရယူနိုင်ခဲ့တဲ့ အာဆင်နယ်




အာဆင်နယ်အသင်းဟာဆိုရင်တော့ ဒိုင်နမိုကိဗ်အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ယူကရိန်းတောင်ပံကစားသမား Andriy Yarmolenko ကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီတောင်ပံတိုက်စစ်ကစားသမားဟာဆိုရင်တော့ အဲဗာတန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို ပြောင်းရွှေ့မယ်လို့ အစောပိုင်းကာလတွေက သတင်းထွက်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်နေခဲ့တာပါ။

တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့ ယာမိုလန်ကိုဟာဆိုရင်တော့ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး နောက်ဆုံး ၂၂ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သူပါ။ ဒီလို စွမ်းရည်ကောင်းတဲ့ကစားသမားကို အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာဟာ ဂန်းနားတွေအတွက်တော့ အပြောင်းအရွှေ့ ခြေလှမ်းကောင်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

ဒိုင်နမိုကိဗ်အသင်းကတော့ သူတို့ရဲ့ တောင်ပံကစားသမားကို မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားမယ့်အချိန်ထိ ထိန်းထားလိုနေပြီး လာမယ့်နွေရာသီမှပဲ သူ့အတွက် အပြောင်းအရွှေ့ကိစ္စတွေကို လက်ခံသွားမယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ ပေါင် ၂၃ သန်းနဲ့ ပေါင်သန်း ၃၀ ကြားသတ်မှတ်ထားပါတယ်။

ယာမိုလန်ကိုဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယူကရိန်းအသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ဒိုင်နမိုကိဗ်အသင်းအတွက်လည်း အားထားရတဲ့ ဒုတိယအသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ဒိုင်နမိုကိဗ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သူ့ရဲ့ ခြေစွမ်းကို ကင်းထောက်ကြည့်ရှုခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာတင် အပြီးသတ်ခေါ်ယူလိုနေပေမယ့်လည်း ဒိုင်နမိုကိဗ်အသင်းကတော့ သူတို့ကစားသမားကို လာမယ့်နွေမှသာလက်လွတ်လိုနေတာကြောင့် ရောက်ရှိမှု ရှိ/မရှိကတော့ စောင့်ကြည့်ရအုံးမှာပါ။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : 90min,the sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment