Powered by Blogger.

မန်ယူပရိသတ်တွေအနေနဲ့ သူ့ကိုယုံကြည်မှုရှိသင့်တယ်လို့ ပြောခဲ့တဲ့ ဗန်ဟားလ်




မန်ယူအသင်းရဲ့ နည်းပြဖြစ်တဲ့  Van Gaal (ဗန်ဟားလ်)ဟာဆိုရင်တော့ မန်ယူပရိသတ်တွေအနေနဲ့ သူ့အပေါ်ကို ယုံကြည်မှုအပြည့်ရှိသင့်တယ်လို့ ပြောပါတယ်။ မန်ယူအသင်းရဲ့ အခြေအနေဟာဆိုရင်တော့ ဆိုးရွားတဲ့ဘက်ကိုရောက်ရှိနေခဲ့ပေမယ့်လည်း ဗန်ဟားလ်ကတော့ ဒါတွေကို ထပ်ဖြစ်မလာနိုင်အောင် ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ယူအသင်းဟာ ဒီနေ့ညမှာဆိုရင်တော့ ဒါဘီအသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ကို သွားရောက်ကစားရမှာဖြစ်ပြီး အကယ်လို့သာရှုံးနိမ့်ခဲ့ရင်တော့ ဗန်ဟားလ်ရဲ့ နောက်ဆုံးပွဲဖြစ်သွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

“ ကျွန်တော့်အပေါ်မှာ ပရိသတ်တွေရဲ့ ယုံကြည်မှုက အရေးကြီးလွန်းပါတယ်။ ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းအဆင့်ထဲကို မဝင်နိုင်သေးပေမယ့်လည်း ပရိသတ်တွေအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ အားပေးစေချင်ပါတယ်။ မန်ယူရဲ့ ပရိသတ်တွေ ယုံကြည်မှုအပြည့်ရှိရင်တော့ ကျွန်တော့်မှာလည်း ယုံကြည်မှုအပြည့်ရှိနေမှာပါ  ” လို့ ဗန်ဟားလ်က ပြောပါတယ်။

မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေကို ခံခဲ့ရပြီး နည်းပြ ဗန်ဟားလ်ပေါ်မှာလည်း ဖိအားတွေ တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ အမှုဆောင်ချုပ်နဲ့ ဘုတ်အဖွဲ့ဝင်တွေကတော့ ဗန်ဟားလ်ကို ယုံကြည်မှုတွေရှိနေဆဲဖြစ်ပြီးတော့ ဗန်ဟားလ်ရဲ့ နည်းပြရာထူးကထွက်ခွာချင်တဲ့ အကြံကိုလည်း လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment