Powered by Blogger.

အရွတ်စုတ်ပြဲဒဏ်ရာတွေကြောင့် ဆယ်ပတ်လောက် အနားယူရမယ့် ဒီဘရိုင်း




မန်စီးတီးအသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမားဖြစ်တဲ့ Kevin De Bruyne (ကီဗင်ဒီဘရိုင်း) ဟာဆိုရင်တော့ အဲဗာတန်အသင်းနဲ့ ကတ်ပီတယ်ဝမ်းဖလားဆီမီးဖိုင်နယ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ်ဆယ်ပတ်လောက် အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲပြီးခါနီးမှာတော့ ဒီဘရိုင်းဟာ ဘောလုံးယှဉ်လုရင်း လဲကျခဲ့တာဖြစ်ပြီး ဒဏ်ရာက ပြင်းထန်ခဲ့တာပါ။

သူ့ရဲ့ အေးဂျင့်ဖြစ်သူ ပက်ထရစ်ဒီကော်စတာကတော့ ဒီစတာလင်ပေါင် ၅၄ သန်းတန် တောင်ပံကစားသမားဟာဆိုရင်တော့ ဒူးနဲ့ ခြေကျင်းဝတ်အရွတ်စုတ်ပြဲ ဒဏ်ရာတွေကို ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းကလည်း “ ကျွန်တော် အကောင်းဆုံးပုံစံနဲ့ ပြန်ကစားနိုင်ပါလိမ့်မယ်။ ဆယ်ပတ်လောက်တော့ ပါဝင်နိုင်မှာ မဟုတ်သေးဘူး ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ ဒဏ်ရာဟာဆိုရင်တော့ မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်ဘက်တွေဖြစ်တဲ့ လက်စတာအသင်း ၊ အာဆင်နယ်အသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် ပွဲစဉ်တွေကိုလည်း  ပါဝင်ကစားနိုင်ဖွယ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

ဒီဘရိုင်းဟာဆိုရင်တော့ ကတ်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းဂိုးသမား ဂျိုရယ်လ်ကလည်း သူ့အနေနဲ့ ဒီဘရိုင်းကို ပွဲပြီးခါနီး အချိန်ဆွဲတယ်ထင်ပြီး ဆွဲထူခဲ့မိလို့  တောင်းပန်စကားပြန်လည် ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment