Powered by Blogger.

ပွဲကစားခွင့်တွေကို ဒီထက်ပိုပြီးရချင်တယ်လို့ ကာဟေးလ်ဖွင့်ဟ



ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်တဲ့ Gary Cahill (ဂယ်ရီကာဟေးလ်)ဟာဆိုရင်တော့ လူငယ်နောက်ခံလူ ဇူးမားရဲ့ နောက်မှာ ကစားနေရတာကို သဘောမကျဘဲ ဒီထက်ပိုပြီး ကစားချင်တယ်လို့ Sky Sports ကို ပြောပါတယ်။

 ဒီကစားသမားဟာဆိုရင်တော့ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်ပြီးတည်းက ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ဘဲ အက်ဖ်အေဖလားပွဲစဉ်တွေမှာသာ ပွဲထွက်ခွင့်ရရှိနေတာပါ။

သူ့ရဲ့နေရာမှာတော့ ခြေစွမ်းပြလျက်ရှိတဲ့ လူငယ်နောက်ခံလူ ဇူးမားက အကောင်းဆုံး ကစားပြနေပြီး နည်းပြ ဟစ်ဒင့်ကလည်း ဇူးမားကို သဘောကျလျက်ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့  အသင်းခေါင်းဆောင်လည်းဖြစ် နောက်ခံကစားသမားကောင်းတစ်ယောက်လည်းဖြစ်တဲ့ တယ်ရီကတော့ အသင်းကနေ ဒီရာသီကုန်မှာ လမ်းခွဲမှာဖြစ်ပြီး နောက်တန်းလိုအပ်ချက်ကတော့ ထပ်ပြီး ရှိနေအုံးမှာပါပဲ။

ကာဟေးလ်ဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကမှာ ချယ်လ်ဆီးအသင်းနဲ့ လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး နည်းပြဟစ်ဒင့်ကလည်း သူ့ကို အခုလိုသက်တမ်းတိုးနိုင်လိုက်တာဟာ ဆိုရင်တော့ အသင်းအတွက်တော့ အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကာဟေးလ်ကတော့ သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ ပြောပါတယ်။

“ကျွန်တော်ဒီနေရာကိုရဖို့ ပေးဆပ်ခဲ့ရတယ်။ ကျွန်တော့်အပြင် ကျွန်တော့်မိသားစုတွေရောပဲဗျ။ ကျွန်တော်ဒီအသင်းမှာ အောင်မြင်မှုတွေရခဲ့တာ။ ကျွန်တော် ဘောလုံးပွဲတွေကို ထပ်ကစားချင်နေသေးတယ်။ ကျွန်တော်မွေးဖွားလာတာက ဘောလုံးကစားဖို့လို့ ထင်မိတယ်။ ကျွန်တော့်ကိုယ်တိုင်တွေးတဲ့အတွေးပေါ့။ တစ်ကိုယ်ကောင်းအတွေးပေါ့။ ကျွန်တော် ဘောလုံးကစားဖို့ လိုကိုလိုတယ်” လို့ ကာဟေးလ်က ပြောပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Skysports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment