Powered by Blogger.

ဂျက်ဆင်မာတီနက်ဇ်ကို ဒေါ်လာ ၄၆ သန်းနဲ့ ခေါ်ယူနိုင်တဲ့ ကွမ်ကျိုးအဲဗားဂရင်း



နောက်ပိုင်းကာလတွေမှာ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူလာတဲ့ တရုတ်စူပါလိဂ်ဟာဆိုရင်တော့ အခုနောက်ထပ်အပြောင်းအရွှေ့အဖြစ် အက်သလက်တီကို တိုက်စစ်မှူး Jackson Martinez (ဂျက်ဆင်မာတီနက်ဇ်)ကို အရခေါ်လိုက်နိုင်ပြန်ပါပြီ။ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ရာမီရက်စ်ဟာဆိုရင်လည်း မကြာခင်ကမှ တရုတ်ကလပ်တစ်ခုဖြစ်တဲ့  ကျန်းဆုဆန်းနင်အသင်းကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရင်းအသင်းဟာ ဆိုရင် အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး  ဂျက်ဆင်မာတီနက်ဇ်ကို ဒေါ်လာ ၄၆ သန်း (ပေါင် ၃၂ သန်း) နဲ့ ခေါ်ယူလိုက်ပြီိလို့ ဒီနေ့မှာပဲ အတည်ပြုလိုက်တာပါ။  တရုတ်စူပါလိဂ်ဟာဆိုရင်တော့ နောက်ပိုင်းမှာ ဥရောပရဲ့ အထင်ကရကစားသမားတွေကို ခေါ်ယူပြီး အာရှရဲ့ အကောင်းဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်လာအောင် လုပ်ဆောင်လျက်ရှိနေပါတယ်။

အခုလို မာတီနက်ဇ်ကို ခေါ်ယူလိုက်တဲ့ ငွေကြေးဟာဆိုရင်တော့ အာရှဘောလုံးရပ်ဝန်းမှာတော့ အကြီးမားဆုံး ပြောင်းရွှေ့ကြေးဖြစ်လာခဲ့ပြီး ကွမ်ကျိုးအဲဗာဂရင်းရဲ့ ဒုတိယမြောက် နာမည်ကျော်ကစားသမားဖြစ်လာခဲ့ပါတယ်။ ကွမ်ကျိုးအသင်းဟာဆိုရင်တော့ အရင်ကာလတွေတုန်းကလည်း စပါးအသင်း ကွင်းလယ်လူ ပေါ်လင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာဆိုရင်တော့ ပေါ်တိုအသင်းမှာ ကစားခဲ့တဲ့ သုံးရာသီအတွင်းမှာ ၆၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အက်သလက်တီကိုအသင်းရဲ့ ခေါ်ယူမှုကိုခံခဲ့ရပါတယ်။ အက်သလက်တီကိုအသင်းမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ဆယ့်ငါးပွဲမှာ နှစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အခုလို တရုတ်ကလပ်ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

တရုတ်စူပါလိဂ်မှာတော့ နာမည်ကျော်ကစားသမားတွေအဖြစ် ဒမ်ဘာဘာ ၊ ပေါ်လင်ဟို ၊ ရော်ဘင်ဟိုနဲ့ ရာမီရက်စ်စတဲ့ကစားသမားတွေ ပါဝင်ကစားလျက်ရှိပါတယ်။

ကွမ်ကျိုးအဲဗားဂရင်းအသင်းဟာဆိုရင်တော့ အာရှချန်ပီယံလိဂ်မှာ နှစ်နှစ်ဆက်ဗိုလ်စွဲနိုင်ခဲ့ပြီး နည်းပြအဖြစ်တော့ ဘရာဇီးလ်နည်းပြဟောင်း စကိုလာရီက တာဝန်ယူကိုင်တွယ်လျက်ရှိပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Si, USA today
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment