Powered by Blogger.

ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူက ဘေးလ်ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆို





Gareth Bale (ဂါရတ်ဘေးလ်) ရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ ကစားသမားရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ဒေါသတစ်ကြီးတုံ့ပြန်ခဲ့ပြီး သူ့ရဲ့ ကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့်သာ ခြေစွမ်းမပြနိုင်တာဖြစ်တယ်လို့ ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဂါရတ်ဘေးလ်ဟာဆိုရင်တော့ ပြီးခဲ့တဲ့ လအတွင်းက  ပေါင်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး လာမယ့် မက်ဒရစ်ဒါဘီမှာတော့ ပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

စပါးအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းကို ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂါရတ်ဘေးလ်ဟာဆိုရင်တော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတစ်ရပ်ကို ရီးရဲလ်အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ရော်နယ်ဒို တို့လို ကစားသမားတွေကို ကျော်ပြီး ကစားဖို့လည်း အတော်လေးကို ကြိုးစားနေရတာကြောင့် အင်္ဂလန်ကို ပြန်မယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့တာပါ။

ဘေးလ်ကိုတော့ မန်ယူအသင်းက အဓိက စိတ်ဝင်စားနေတာဖြစ်ပြီး အဲ့လိုမျိုးအသင်းပြောင်းမယ်ဆိုတဲ့သတင်းတွေကိုတော့ အေးဂျင့်ဖြစ်သူ ယော်နသန်ဘားနက်က “ဒါဟာ ဂျာနယ်လစ်တွေတဲ့ တာဝန်မသိတတ်တဲ့ သတင်းတွေပါပဲ။ ဒီသတင်းက အမှိုက်တစ်ခုပါပဲ” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment