Powered by Blogger.

ဘာကာနဲ့ စာချုပ်သက်တမ်းတိုးပြီး အသင်းပြောင်းမယ့်သတင်းတွေကို နှုတ်ဆိတ်စေခဲ့တဲ့ နေမာ


ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး Neymar (နေမာ)ဟာဆိုရင်တော့ ဘာစီလိုနာအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အသင်းပြောင်းမယ်ဆိုတဲ့ ကောလဟလတွေကို ရေငုံနှုတ်ပိတ်စေခဲ့ပြီဖြစ်တယ်လို့ ဘရာဇီးသတင်းစာတစ်စောင်က ဖော်ပြပါတယ်။

 နေမာဟာ မန်ယူအသင်းကို အမြင့်ဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း မန်ယူအသင်းကို နေမာကိုယ်တိုင်က ပြောင်းရွှေ့ကစားချင်စိတ်မရှိတာကြောင့်လည်း ပါဝင်တယ်လို့ နီးစပ်တဲ့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ နေမာကိုတော့ လူးဝစ်အန်းနရစ်ရဲ့ ဘာစီလိုနာအသင်းက လက်ရှိရနေတဲ့ လစာရဲ့ နှစ်ဆဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းအပြင် အပိုဆုကြေးတွေပါဝင်မယ့် စာချုပ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး နေမာဘက်က သဘောတူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 နေမာကို ၂၀၂၁ အထိ နျူးကမ့်မှာရှိနေမယ့် စာချုပ်လျော်ကြေးကတော့ ပေါင် ၁၄၄ သန်းရှိပြီး ဝယ်ယူချင်တဲ့ အသင်းအတွက်တော့ ထိတ်လန့်စရာ ပမာဏတစ်ရပ်လည်း ဖြစ်ပါတယ်။

ကတ်တလန်အသင်းအတွက် ၁၂၅ ပွဲမှာ ၇၇ ဂိုးအထိသွင်းယူပြီး အဓိက ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့အတွက် အဓိကနေရာက ပါဝင်ခဲ့တဲ့ နေမာဟာ MSN တိုက်စစ်အတွဲကနေလည်း ထွက်ခွာလိုခြင်းမရှိတော့ဘူးလို့ သိရပြီး ဘာစီလိုနာမှာ ပျော်ရွှင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 နေမာရဲ့ ဖခင်ဖြစ်သူကတော့ အခွန်တိမ်းရှောင်မှုတွေနဲ့ စပိန်မှာ ပြဿနာတွေတက်နေတဲ့ သူ့ရဲ့သားဟာ ဘာကာကစာချုပ်သစ်ကိုတော့ လက်မှတ်မထိုးပဲမနေပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment