Powered by Blogger.

အာဆင်နယ်နဲ့ ပွဲအတွက် မန်ယူအသင်းကို စိုးရိမ်မကင်းဖြစ်နေတဲ့ ပေါလ်စခိုးလ်



မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း  Paul Scholes (ပေါလ်စခိုးလ်)ဟာဆိုရင်တော့ အိုးလ်ထရက်ဖို့်ဒ်ကွင်းမှာ ကစားမယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းကို အပြည့်အဝယုံကြည်ခြင်းမရှိဘဲနဲ့ စိုးရိမ်မိတယ်လို့ မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောပါတယ်။

မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ မစ်ဂျယ်လန်းအသင်းကို ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး စိတ်ကျေနပ်စရာ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းလို ကစားပုံကောင်းပြီး သွက်လက်တဲ့ အသင်းမျိုးနဲ့ အတွေ့မှာတော့ အသင်းရဲ့ နောက်တန်းအခြေအနေကြောင့် စိုးရိမ်မကင်းဖြစ်မိနေတယ်လို့ စခိုးလ်က ဝန်ခံခဲ့ပါတယ်။

“အာဆင်နယ်က အသင်းကောင်းတစ်သင်းပါ။ သူတို့မှာ ကစားအားကောင်းတဲ့ ပါဝါနဲ့ ကြံ့ခိုင်မှုတွေ ရှိပါတယ်။ တိုက်စစ်မှူးတွေကလည်း အရမ်းကို ကောင်းတယ်ထင်ပါတယ်။ ကျွန်တော် အရိုးသားဆုံးဝန်ခံရရင်တော့ အာဆင်နယ်အသင်းကို နည်းနည်းတော့ စိုးရိမ်စိတ်ဝင်မိတာအမှန်ပါပဲ။ ကျွန်တော်တို့ ပြင်းထန်တဲ့ ပွဲတစ်ပွဲကို ကစားရမှာပါ။ အာဆင်နယ်နဲ့ပွဲက မန်ယူအသင်းအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါ” လို့ ပေါလ်စခိုးလ်က ပြောပါတယ်။

မန်ယူအသင်းရဲ့ အားထားရတဲ့ လူငယ်တိုက်စစ်မှူး မာရှယ်လ်ကတော့ မစ်ဂျယ်လန်းအသင်းနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ တံကောက်ကြော ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ပါဝင်ကစားနိုင်ဖွယ် မရှိပါဘူး။ မန်ယူအသင်းဟာ ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းနဲ့ ၁၀ မှတ်ကွာဟနေပြီး ပထမအကျော့တုန်းကလည်း သုံးဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment