Powered by Blogger.

ရလဒ်တွေဆိုးဝါးနေပေမယ့် ဂယ်ရီနဗီးလ်ကို အမြဲတမ်းနည်းပြလုပ်စေချင်နေတဲ့ ဗလင်စီယာ



စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းဟာဆိုရင်တော့ ယာယီနည်းပြအဖြစ်ခန့်အပ်ထားတဲ့  Gary Neville (ဂယ်ရီနဗီးလ်)ကို နှစ်ရှည်စာချုပ်တစ်ရပ်နဲ့ အသင်းမှာ ဆက်ရှိနေစေလိုတယ်လို့ သိရပါတယ်။နဗီးလ်လက်ထက် လာလီဂါမှာ ပထမဆုံး နိုင်ပွဲရခဲ့ပြီးတဲ့နောက်မှာတော့ ဗလင်စီယာအသင်းက ဂယ်ရီနဗီးလ်ကို အမြဲတမ်းနည်းပြတစ်ယောက်အဖြစ် လုပ်ကိုင်စေချင်ခဲ့တာပါ။

လက်စ်ပါးမားစ် ၊ ဂရန်နာဒါတို့ကို လာလီဂါမှာ ဆက်တိုက်အနိုင်ရခဲ့ပြီးတော့ ယူရိုပါလိဂ်မှာ ရက်ပစ်ဝီအန်အသင်းကို ဂိုးဒါဇင်ဝက်သွင်းယူခဲ့တာတွေက ဗလင်စီယာအသင်း တာဝန်ရှိသူတွေရဲ့ ဂယ်ရီနဗီးလ်အပေါ် အားထားမှု ပိုလာရတဲ့အကြောင်းရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နဗီးလ်ဟာဆိုရင်တော့ လင်းနို့တို့ ပျော်စံရာ မက်စ်တဲလားမှာ ရာသီကုန်အထိသာ ရှိနေမှာဖြစ်ပေမယ့်လည်း ဗလင်စီယာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းရခက်နိုင်တယ်လို့ သိရပါတယ်။ နဗီးလ်ကတော့ ဗလင်စီယာအသင်းကို စတင်ရောက်ရှိချိန်တွေတုန်းက ရလဒ်တွေကောင်းဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာတော့ အသင်းရဲ့ ပုံမှန်အနေအထားကို ပြန်ပြီးဆွဲတင်နိုင်ခဲ့ပါတယ်။

အကယ်လို့ ဂယ်ရီနဗီးလ်ဟာ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ရင်တော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရရှိထားတဲ့ လက်ထောက်နည်းပြနေရာကို စွန့်လွှတ်ရဖွယ်ရှိပါတယ်။ ဂယ်ရီနဗီးလ်ကတော့ အခုလောလောဆယ်မှာ အသင်း ဥရောပတစ်နေရာ ဝင်ခွင့်ရဖို့နဲ့ လာမယ့်ရာသီကြိုကာလအတွက် ပြင်ဆင်မှုတွေကိုသာ လုပ်ဆောင်လျက်ရှိတယ်လို့ ဖွင့်ဟထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : 101greatgoals


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment