Powered by Blogger.

မန်ယူနည်းပြဖြစ်မလာရင် အင်္ဂလန်နည်းပြဖြစ်လာနိုင်တဲ့ မော်ရင်ဟို



အင်္ဂလန်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်ဟာဆိုရင်တော့ လာမယ့် ၂၀၁၆ ယူရိုပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အောင်မြင်မှုတစ်စုံတစ်ရာမရခဲ့ရင်တော့ အင်္ဂလန်နည်းပြအဖြစ် ဆက်မြင်ရဖွယ် မရှိဘူးလို့ သိရပါတယ်။

အကယ်လို့သာ ဟော့ဒ်ဆန်ကိုနည်းပြအဖြစ် ဆက်မထားခဲ့ရင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟိုကို ဟော့ဒ်ဆန်ရဲ့ နေရာကို အစားဝင်ကိုင်တွယ်စေနိုင်ဖို့ ကြိုးပမ်းသွားဖွယ်ရှိပါတယ်။

မော်ရင်ဟိုဟာဆိုရင်တော့ နည်းပြကာပယ်လို အင်္ဂလန်အသင်းကို မကိုင်တွယ်ခင်တုန်းကလည်း အင်္ဂလန်နည်းပြရာထူးနဲ့ တစ်ဝဲလည်လည်ဖြစ်ခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းဟာဆိုရင်တော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ အောင်မြင်မှုအခြေအနေ အတော်လေးဆိုးဝါးခဲ့တာကြောင့် နည်းပြ ဟော့ဒ်ဆန်အနေနဲ့လည်း ဖိအားများလျက်ရှိပါတယ်။

 FA ဥက္ကဋ္ဌ ဂရက်ဒိုက်ကလည်း လာမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ လက်ရှိလူအင်အားနဲ့ဆိုရင် အနည်းဆုံး ဆီမီးဖိုင်နယ်ကို ရောက်ရှိနိုင်မယ်လို့ ထင်မြင်လျက်ရှိပါတယ်။

မော်ရင်ဟိုကတော့ လောလောဆယ်မှာ မန်ယူအသင်းနဲ့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း စင်ကာပူခရီးစဉ်မှာ ပြောကြားခဲ့တဲ့ စကားကြောင့် အတည်ပြုလို့ မရသေးပါဘူး။ ဒါကြောင့် မော်ရင်ဟိုကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA နဲ့ မန်ယူတို့ကတော့ လွန်ဆွဲရဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြလျက်ရှိနေပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment