Powered by Blogger.

အင်္ဂလန်အသင်းတွေအားလုံး နောက်တစ်ဆင့်တက်ခဲ့ကြတဲ့ ယူရိုပါလိဂ်ပွဲစဉ်များ




ယူရိုပါလိဂ်ရဲ့ ၃၂ သင်းအဆင့် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ မန်ယူ ၊ စပါး ၊ လီဗာပူးလ်စတဲ့ အင်္ဂလန်အသင်းတွေကတော့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူအသင်းကတော့ မစ်ဂျယ်လန်းအသင်းကို ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပထမအကျော့တုန်းက အရှုံးကို ချေဖျက်ပြခဲ့ပါတယ်။ စပါးအသင်းကတော့ ဖီအိုရင်တီးနားအသင်းကို သုံးဂိုးဂိုးမရှိနဲ့ အိမ်ကွင်းမှာ နိုင်ခဲ့သလို လီဗာပူးလ်အသင်းကလည်း အော့စ်ဘတ်အသင်းကို အန်ဖီးလ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။


မန်ယူ ၅-၁ မစ်ဂျယ်လန်း

မန်ယူအသင်းကတော့ ဒီပွဲမှာ မဖြစ်မနေဂိုးပြတ်အနိုင်ရအောင်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုတွေကိုလည်း အားရဖွယ်တွေ့မြင်ရပါတယ်။ ဧည့်သည်အသင်း မစ်ဂျယ်လန်းက စစ္စတိုက ဦးဆောင်ဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ စတင်သွင်းယူခဲ့ပြီး ဘိုဒါရော့ဗ်က ၃၂ မိနစ်မှာ ဒီပိုင်းရဲ့ ပေးပို့မှုကို လမ်းကြောင်းပြောင်းပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းပေးခဲ့လို့ မန်ယူတို့ သရေကျနေခဲ့ပါတယ်။ ၄၁ မိနစ်မှာတော့ ဟာရဲရားကြောင့်ရတဲ့ ပင်နယ်တီကို မာတာကန်သွင်းခဲ့ပေမယ့်လည်း မစ်ဂျယ်လန်း ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းမှာတော့ သရေရလဒ်နဲ့သာ ကျေနပ်နေရပါတယ်။



အဲ့နောက်မှာတော့ ပွဲချိန် ၆၃ မိနစ်အရောက်မှာ မာရှယ်အစား မန်ယူအသင်းကြီးအတွက် ပွဲဦးထွက် ပါဝင်ကစားခဲ့တဲ့ လူငယ် ကစားသမား ရက်ရှ်ဖို့က မာတာရဲ့ပေးပို့မှုကနေ အပြေးပိတ်သွင်းခဲ့လို့ မန်ယူတို့ဦးဆောင်ဂိုးရခဲ့တယ်။ ပွဲချိန် ၇၅ မိနစ်မှာတော့ ဗာရယ်လာရဲ့ ဖန်တီးပေးပို့မှုကနေပဲ ရက်ရှ်ဖို့ကပဲ အနီးကပ်ပိတ်သွင်းခဲ့ပြန်ပါတယ်။ ဒီပွဲမှာတော့ အသက် ၁၈ နှစ်အရွယ် ရက်ရှ်ဖို့က မန်ယူအတွက် ကယ်တင်ရှင်ကစားသမားဖြစ်ခဲ့ပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။ ပွဲချိန် ၈၇ မိနစ်မှာတော့ ဟာရဲရားရဲ့ ပင်နယ်တီဂိုးနဲ့ နောက်ဆုံးမိနစ်မှာတော့ ဒီပိုင်းရဲ့ တစ်ကိုယ်တော်ဂိုးတွေနဲ့ ပွဲကိုအဆုံးသတ်စေခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၆-၃ နဲ့ မန်ယူက နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါပြီ။

 



စပါး ၃-၀ ဖီအိုရင်တီးနား

စပါးအသင်းကတော့ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အိမ်ကွင်းမှာ ပြန်ပေါက်ကွဲပြခဲ့ပါတယ်။ စပါးအသင်းမှာ ဟာရီကိန်းမပါဝင်ခဲ့ပေမယ့်လည်း ပြဿနာမရှိခဲ့ပဲ ကွင်းလယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုကြောင့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။ မေဆင်ရဲ့ ၂၅ မိနစ် ဦးဆောင်ဂိုးက ပထမတစ်ပိုင်းလုံး စပါးအသင်းကို အားတက်စေခဲ့တယ်။ ၆၃ မိနစ်မှာတော့ လာမယ်လာက နောက်တစ်ဂိုးသွင်းလို့ ဖီအိုတို့ အမှားမခံဘဲ ကစားနေချိန်မှာ ရိုဒရီဂွက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးက စပါးအသင်းကို နောက်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်စေခဲ့တာဖြစ်တယ်။


လီဗာပူးလ် ၁-၀ အော့စ်ဘတ်


လီဗာပူးလ်အသင်းကတော့ ဂိုးမရှိသရေကျသင့်တဲ့ ပွဲပဲဖြစ်ခဲ့ပေမယ့်လည်း ပွဲချိန်ငါးမိနစ်မှာတင် မီလ်နာက ပင်နယ်တီနဲ့ ဦးဆောင်စေခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment