Powered by Blogger.

နည်းပြသစ်ဖြစ်လာမယ့်သူအတွက် အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၁၃၀ ထုတ်ပေးမယ့် အေဘရာမိုဗစ်ခ်ျ




ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာဆိုရင်တော့ ကြယ်ပွင့်ကစားသမားလေးယောက်ကို ခေါ်ယူဖို့အတွက် နည်းပြသစ်ဖြစ်လာမယ့်သူကို အပြောင်းအရွှေ့စရိတ်အနေနဲ့ အနည်းဆုံး ပေါင်သန်း ၁၃၀ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့အတွက် အီတလီနည်းပြ ကွန်တီက ထိပ်ဆုံးကနေ ရေပန်းစားလျက်ရှိနေပြီးတော့ ချယ်လ်ဆီးနဲ့ ကွန်တီကြားမှာလည်း အနီးကပ်ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အကယ်လို့ ကွန်တီသာ နည်းပြသစ်တစ်ယောက်ဖြစ်လာရင်တော့ ထိပ်တန်းကစားသမားလေးယောက်ကို ခေါ်ယူနိုင်ဖို့အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့စရိတ်တစ်ခုကို ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်လာနိုင်တာကတော့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဗီဒယ်လ်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာကိုယ်တိုင် ဂျူဗင်တပ်နဲ့ ပွဲက ဗီဒယ်လ်ရဲ့ ခြေစွမ်းကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကိုလည်း လာမယ့် နွေမှာ ပေါင်သန်းလေးဆယ်လောက် အသုံးပြုပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားအုန်းမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို လက်လွတ်ရမှာဖြစ်တာကြောင့် ဂျွန်စတုန်းကို ငွေကြေး အကုန်အကျခံဖို့ စီစဉ်နေတာပါ။

ဒါ့အပြင် ချယ်လ်ဆီးရဲ့ အဓိက ကစားသမား ဟာဇတ်ဟာလည်း လာမယ့် ရာသီမှာ ချယ်လ်ဆီးမှာ တွေ့ရဖို့ မသေချာတာကြောင့် အရည်အသွေးမြင့် ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ကို လိုက်လံရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

အီတလီနဲ့ လာမယ့် ယူရိုပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကွန်တီဟာဆိုရင်တော့ လန်ဒန်ကို ရောက်လာဖို့ ရာနှုန်းများလျက်ရှိနေပါတယ်။ အယ်လီဂရီ ၊ ဆီမြွန်နီနဲ့ ဆမ်ပါအိုလီတို့ကို ချယ်လ်ဆီးက မျက်စိကျခဲ့ပေမယ့်လည်း နည်းပြသုံးယောက်လုံးက အသင်းကိုယ်စီရှိနေပြီး ချယ်လ်ဆီးကို ပြောင်းလဲကိုင်တွယ်ဖွယ် မရှိတာကြောင့် ချယ်လ်ဆီးက အီတလီမှာ အောင်မြင်မှုတွေရခဲ့တဲ့ ကွန်တီကို အနီးကပ်ညှိနှိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)

#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment