Powered by Blogger.

ပရီးမီးယားလိဂ်တွင် ကစားပုံအကြမ်းဆုံးအသင်းမှာ မန်ယူဖြစ်နေ



နောက်ဆုံးရရှိထားတဲ့ မှတ်တမ်းတွေအရတော့ အခုလောလောဆယ်မှာ မန်ယူအသင်းဟာ ကစားပုံအကြမ်းတမ်းဆုံးနဲ့ အညစ်ပတ်ဆုံးအသင်းဖြစ်နေပါတယ်။ မန်ယူအသင်းဟာ လက်ရှိကစားနေတဲ့ရာသီမှာတော့ ပြိုင်ဘက်ကို ပြစ်ဒဏ်ကျူးလွန်မှု ၃၀၂ ကြိမ်အထိ ရှိခဲ့ပါတယ်။ အဲ့လို့ ၃၀၂ ကြိမ်ထဲမှာတော့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Morgan Schneiderlin (ရှနိုက်ဒါလင်) က ၃၉ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး အများဆုံးဖြစ်နေခဲ့တာပါ။

မန်ယူအသင်းရဲ့ အခုလိုမှတ်တမ်းဆိုးဟာဆိုရင်တော့ နည်းပြဗန်ဟားလ်ရဲ့ ခံစစ်အသားပေးကစားပုံကြောင့်လို့ ဆိုနေကြပြီး သူကိုင်တွယ်ပြီးနောက်ပိုင်းမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ အမြင်ကတ်ခြင်းကို အသင်းသားတွေအနေနဲ့ ပိုမိုခံခဲ့ရတယ်လို့ သိရပါတယ်။

မန်ယူအသင်းရဲ့ နောက်မှာတော့ ခြေစွမ်းကောင်းတွေပြသလျက်ရှိနေတဲ့ စပါးအသင်းက ပြစ်ဒဏ်ကျူးလွန်မှု အကြိမ် ၃၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စပါးအသင်းဟာ ကြံ့ခိုင်မှုအသားပေးပုံစံကြောင့် အခုလို ပြစ်ဒဏ်ဘောတွေ ခဏခဏပေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။



စပါးအသင်းရဲ့နောက်မှာတော့ ခရစ္စတယ်ပဲလေ့စ် ၊ အက်စတွန်ဗီလာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က ထိပ်ဆုံးငါးသင်းနေရာမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အာဆင်နယ်အသင်းဟာဆိုရင် ခံစစ်အသားပေးပုံစံနဲ့ ကစားခဲ့ပေမယ့်လည်း ပြစ်ဒဏ်ကျူးလွန်မှု ဒုတိယအနည်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေခဲ့ပါတယ်။ အသန့်ရှင်းဆုံးအသင်းကတော့ အဲဗာတန်အသင်းဖြစ်ပြီး ပြစ်ဒဏ်ကျူးလွန်မှု ၁၉၈ ကြိမ်သာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကစားပုံအညစ်ပတ်ဆုံးကစားသမားကတော့ အက်စတွန်ဗီလာကွင်းလယ်ကစားသမား Idrissa Gueye
( အိုင်ဒရီဆာဂွီး) ဖြစ်ပြီး ပြိုင်ဘက်ကို  ပြစ်ဒဏ်ကျူးလွန်မှု ၄၅ ကြိမ်အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : thesun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment