Powered by Blogger.

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ စတာရစ်ခ်ျကိုရောင်းချရန် လီဗာပူးလ်အသင်းစီစဉ်နေ


လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာဆိုရင်တော့ အသင်းမှာရှိနေတဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်ရေးပိုင်းမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်အသင်းဟာ  ဒဏ်ရာရကစားသမားတွေအတွက် လစာပေးချေနေရမှုကို လျှော့ချဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ အဲ့လိုလျှော့ချဖို့ စီစဉ်နေတဲ့အချိန်မှာတော့ ဒဏ်ရာအရဆုံးဖြစ်တဲ့ တိုက်စစ်မှူး စတာရစ်ခ်ျဟာလည်း လီဗာပူးလ်အသင်းရဲ့ အရောင်းစာရင်းမှာ ပါဝင်သွားနိုင်တယ်လို့ သိရပါတယ်။

စတာရစ်ခ်ျဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းကနေ လီဗာပူးလ်အသင်းကို ၂၀၁၄ မေလတုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူဟာဆိုရင်တော့ ကစားခွင့်ရတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရောပရဲ့ ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်အဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ အလားအလာတွေရှိနေခဲ့ပါတယ်။



စတာရစ်ခ်ျဟာဆိုရင်တော့ လီဗာပူးလ်အသင်းနဲ့ နှစ်နှစ်ခွဲစာချုပ်ကျန်ရှိနေသေးပြီး တစ်ပတ်ကို ပေါင် ၁၄၀,၀၀၀ ရရှိလျက် ရှိနေပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်အသင်းက ပွဲများများကစားခွင့်မရဘဲ လစာငွေတွေပေးနေရတာကို အလိုမကျဖြစ်နေပြီး အသင်းကနေ ရောင်းချဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

စတာရစ်ခ်ျကတော့ အင်အားကြီးအသင်းတစ်သင်းကိုသာ ပြောင်းရွှေ့လိုနေပြီး သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။ စတာရစ်ခ်ျဟာဆိုရင်တော့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ၅၇ ပွဲကစားခဲ့ပြီး ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

စတာရစ်ခ်ျဟာဆိုရင်တော့ ပြီးခဲ့တဲ့ လ ၂၀ အတွင်းမှာ ၁၆ ပွဲသာကစားခွင့်ရရှိခဲ့ပြီး သူ့ရဲ့ ခြေထောက်တစ်ခုလုံးမှာ ဒဏ်ရာတွေ တစ်ခုပြီး တစ်ခုရရှိခဲ့တာပါ။

သူ့ကိုတော့ အခုလောလောဆယ်မှာ    အာဆင်နယ်အသင်းက ခေါ်ယူလိုနေပြီး နောက်လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ူယူနိုင်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : thesun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment