Powered by Blogger.

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာနိုင်ဖို့ သေချာသလောက်ရှိနေတဲ့ အယ်လီဂရီ


အခုလောလောဆယ်မှာတော့ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်နည်းပြ အယ်လီဂရီ ၊ အီတလီနည်းပြ ကွန်တီနဲ့ အက်သလက်တီကို နည်းပြ ဆီမြွန်နီတို့ကို စောင့်ကြည့်လျက်ရှိနေပေမယ့်လည်း အယ်လီဂရီကတော့ နည်းပြသစ်ဖြစ်လာနိုင်ဖို့ သေချာသလောက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

“ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ နည်းပြ Allegri (အယ်လီဂရီ) ကို လာမယ့်နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်သွားနိုင်ဖွယ်ရှိနေပြီး တစ်နှစ်ကို ပေါင် ၅.၃ သန်းဝန်းကျင်နဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ရောက်ရှိလာဖွယ် ရှိနေပါတယ်”  လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

ခြင်္သေ့ပြာတွေဟာဆိုရင်တော့ နည်းပြ မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့တဲ့နောက်ပိုင်းမှာ အသင်းကို ကာလရှည်ကိုင်တွယ်နိုင်မယ့် နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေပြီး နည်းပြ ဂွာဒီယိုလာကို ပစ်မှတ်ထားခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ သဘောတူညီမှုရရှိသွားခဲ့တာကြောင့် အခုလို ဂျုဗီနည်းပြကို ခန့်အပ်နိုင်ဖို့ အခြေအနေတွေဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အယ်လီဂရီဟာ တူရင်မြေမှာ နှစ်ရာသီကြာကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ရခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကိုလည်း တက်ရောက်နိုင်တဲ့အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ အယ်လီဂရီဟာ ဂျုဗင်တပ်အသင်းကို ၁၃ ပွဲဆက်အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

ဒီလိုသတင်းတွေရဲ့ နောက်ဆက်တွဲမှာတော့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုဟာလည်း မန်ယူနည်းပြသစ်ဖြစ်လာနိုင်ဖို့ အခြေအနေတွေကို တွေ့နေရတယ်လို့လည်း အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment