Powered by Blogger.

လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းတိုးသွားမယ့် ဗာဒီ


လက်စတာအသင်းရဲ့ စူပါစတား Vardy (ဗာဒီ)ကတော့ သူ့ရဲ့ အမြင့်ပျံခြေစွမ်းတွေ ရရှိနေချိန်မှာ အသင်းကြီးတွေကို ပြောင်းရွှေ့သွားမှာ မဟုတ်ဘဲနဲ့ လက်စတာအသင်းနဲ့အတူ အကောင်းဆုံးကစားသွားအုံးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းဟာဆိုရင်တော့ လက်စတာအသင်းပရိသတ်တွေအတွက် နားဝင်ချိုစေခဲ့ပြီး ဗာဒီရဲ့ သစ္စာစောင့်သိမှုကိုလည်း ချီးကျူးရမှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာဆိုရင်တော့ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုးသွားဖို့ စီစဉ်နေပြီး ၂၀၁၉ အထိ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ ချယ်လ်ဆီး ၊ တော့တင်ဟမ်နဲ့ လီဗာပူးလ်အသင်းတို့က စိတ်ဝင်စားလျက်ရှိပြီး ဗာဒီကတော့ သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပြီး လက်စတာမှာပဲ ဆက်ရှိနေမယ်လို့ ပြောပါတယ်။

မြေခွေးတို့နဲ့ အင်္ဂလန်ရဲ့ တိုက်စစ်မှူးဗာဒီကတော့ “ ဒီကိစ္စတွေအားလုံးကို ခေါက်ထားသင့်ပါတယ်။ ကျွန်တော့် အေးဂျင့်ပြောင်းခိုင်းရင်တောင် အတော်စဉ်းစားရပါလိမ့်မယ်။ ” လို့ ပြောပါတယ်။

ဗာဒီဟာ လက်စတာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် တစ်ပတ်ကို ပေါင် ၄၅၀၀၀ အထိတိုးမြှင့်ရရှိခဲ့တဲ့အပြင် အသင်းက  ချီးမြှင့်တဲ့ အခြားအပိုဆုကြေးတွေလည်း ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ချန်ပီယံဖြစ်ဖို့တောင် နီးစပ်လျက်ရှိနေပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : thesun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment