Powered by Blogger.

ငွေကြေးတနင့်တပိုးနဲ့ ကစားတော့မယ့် တရုတ်ဘောလုံး


နောက်ပိုင်းအပြောင်းအရွှေ့သတင်းတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာတော့ တရုတ်ကလပ်အသင်းတွေရဲ့ ကစားသမားခေါ်ယူမှုသတင်းတွေပါပဲ။ တရုတ်နိုင်ငံရဲ့ စူပါလိဂ်ကလပ်တွေက ပေါင်သန်းဆယ်ချီပေးပြီး ဥရောပအသင်းတွေဆီက အရည်အသွေးကောင်းကစားသမားတွေကို ဆက်တိုက်ခေါ်ယူလာတာပါ။

ဥရောပကစားသမားတွေကလည်း ဥရောပဘောလုံးရပ်ဝန်းထက်တောင် လစာပိုကောင်းနေတာကြောင့် အဆင့်နိမ့်တဲ့လိဂ်ပြိုင်ပွဲဖြစ်မှန်းသိနေပေမယ့် ပြောင်းရွှေ့လာခဲ့ကြပါတယ်။

တရုတ်ကလပ်တစ်ခုဖြစ်တဲ့ကျန်းဆုဆန်းနင်အသင်းဟာဆိုရင်တော့ နောက်ဆုံးအပြောင်းအရွှေ့လှုပ်ရှားမှုအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား အော်စကာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်လိုက်ပြီး ချယ်လ်ဆီးအသင်းကတော့ ချက်ချင်းဆိုသလို ပယ်ချလိုက်ပါတယ်။

ကျန်းဆုဆန်းနင်အသင်းဟာဆိုရင်တော့ အော်စကာအပြင် နောက်ထပ် နာမည်ကျော်ကစားသမား တစ်ယောက်ဖြစ်တဲ့မန်စီးတီးကွင်းလယ်လူယာယာတိုရေးကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုင်ဗရီကို့စ်စတားဟာဆိုရင်တော့ နောက်ရာသီမှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီး ကျန်းဆုဆန်းနင်အသင်းက အခွန်ဆောင်ပြီး တစ်နှစ်ကို ပေါင် ၁၅ သန်းနဲ့ တရုတ်မြေကို အရခေါ်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ကျန်းဆုဆန်းနင်အသင်းဟာဆိုရင်တော့ ချယ်လ်ဆီးကွင်းလယ်လူ ရာမီရက်စ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူပြီးတဲ့နောက်မှာတော့ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ရှက်တာဒိုးနက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲလက်တိုင်ဆီရာကိုလည်း မနေ့ကပဲ ပေါင် ၃၈ သန်း ဝန်းကျင်နဲ့ ထပ်ပြီးတော့ ခေါ်ယူလိုက်နိုင်ပါတယ်။ ရှက်တာဒိုးနက်အသင်းပိုင်ရှင် လူကတ်စ်ကူကတော့ " ဒီသတင်းကမှန်ပါတယ်။ ကျွန်တော်တို့ သူ့ကို တရုတ်နိုင်ငံကို ရောင်းလိုက်ပါပြီ " လို့ အတည်ပြုလိုက်ပါတယ်။

နောက်ထပ်ပြောင်းရွှေ့သွားတဲ့ ကစားသမားကတော့ အက်သလက်တီကို နာမည်ကြီးတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဂျက်ဆင်မာတီနက်ဇ်ဖြစ်ပြီး ပေါင် ၃၁ သန်းဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ တရုတ်စူပါလိဂ်ဟာဆိုရင်တော့ သူတို့ရဲ့ ဘောလုံးလိဂ်ကို အာရှမှာ အထွန်းတောက်ဆုံးဖြစ်လာလိုနေပြီးတော့ နာမည်ကျော်နည်းပြတွေ ၊ ကစားသမားတွေကို ကြိုက်ဈေးပေးပြီး ခေါ်ယူလာတာတွေကတော့ ဥရောပအသင်းတွေအတွက်တော့ အမြင်ကတ်စရာ ဖြစ်လို့နေပါတယ်။ 




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : thesun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment