Powered by Blogger.

အောက်တန်းလိဂ်က ကစားသမားတွေကိုလည်း ကင်းထောက်တွေလွတ်ပြီး စောင့်ကြည့်ထားတယ်ဆိုတဲ့ အာစင်ဝင်းဂါး



အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြတစ်ယောက်ဖြစ်တဲ့ Arsene Wenger (အာစင်ဝင်းဂါး)ဟာဆိုရင်တော့ သူ့အနေနဲ့ ထိပ်တန်းလိဂ်တွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကိုပဲ စောင့်ကြည့်နေမှာ မဟုတ်ဘဲနဲ့ ပရီးမီးယားလိဂ်ရဲ့ အောက်တန်းလိဂ်သုံးခုမှာလည်း ဘောလုံးကင်းထောက်တွေကို လွတ်ပြီး ကစားသမားတွေရဲ့ ခြေစွမ်းကို စောင့်ကြည့်မှုတွေ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

ဒီပြင်သစ်နိုင်ငံသားနည်းပြဟာဆိုရင်တော့ သူ့ရဲ့ လက်ထက်မှာ ပြောင်းရွှေ့ကြေးအများဆုံးနဲ့ ခေါ်ယူခဲ့တာကတော့ ကွင်းလယ်လူ အိုဇေးလ်နဲ့ တောင်ပံကစားသမား ဆန်းချက်ဇ်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ  ဒီရာသီ ပရီးမီးယားလိဂ်မှာ ကိုးဂိုးသွင်းယူထားပေးပြီး ၁၇ ဂိုးဖန်တီးပေးထားနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အာစင်ဝင်းဂါးကတော့ သူ့အနေနဲ့ ဥရောပထိပ်တန်းလိဂ်က ကစားသမားတွေကိုပဲ စောင့်ကြည့်နေမှညမဟုတ်ဘဲ အောက်တန်းလိဂ်ပြိုင်ပွဲက ကစားသမားတွေကိုလည်း လေ့လာနေတယ်လို့ ပြောပါတယ်။

“ တစ်ချို့ကစားသမားတွေကတော့ နောက်ကျမှ ခြေစွမ်းတွေကောင်းလာတယ်။ နောက်ပိုင်းကာလတွေမှာဆိုရင် အောက်တန်းလိဂ်တွေမှာ ကစားသမားမျိုးဆက်ပြတ်လာတယ်။ ဒါကို သတိထားသင့်တယ်။ ကျွန်တော်ထင်တာကတော့  ဒီလိုလိဂ်တွေမှာလည်း ပရီးမီးယားလိဂ်ကို ကြီးမားတဲ့အကျိုးရှိစေမယ့် ကစားသမားတွေရှိနေသေးတယ်။ ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

သာဓကအနေနဲ့တော့ အပျော်တမ်းကလပ် ဖလိဒ်ဝုဒ်တောင်းအသင်းရဲ့ တိုက်စစ်မှူး ဗာဒီဟာဆိုရင်တော့ လက်စတာအသင်းကို ရောက်ရှိလာပြီးနောက်မှာပဲ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရနိုင်ဖို့ တစ်ပြေးလျက်ရှိပါတယ်။

အာဆင်နယ်အသင်းမှာဆိုရင်တော့ အသင်းငယ်ကနေပြောင်းရွှေ့လာပြီး အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ဖူးသူကတော့ တိုက်စစ်မှူး အီယန်ရိုက်ဖြစ်ပြီး  ၁၉၉၀ နှစ် လွန် ကာလတွေမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : squawka
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment