Powered by Blogger.

နေမာရဲ့ ဖခင်ပြောစကားကြောင့် နေမာကိုခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာတဲ့ မန်ယူ



ဘရာဇီးအသင်းနဲ့ ဘာစီလိုနာတို့ရဲ့ အဓိက တိုက်စစ်မှူး Neymar (နေမာ)ဟာဆိုရင်တော့ စပိန်နိုင်ငံမှာ အခွန်တိမ်းရှောင်တဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီးတဲ့နောက်မှာတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၄၀ ပတ်ဝန်းကျင်နဲ့ နာမည်ကျော် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ နေမာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

နေမာကိုတော့ မန်ယူအသင်းက ကာလရှည်ကြာ ကြိုးပမ်းလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ကလည်း နေမာကို ခေါ်ယူချင်လျက်ရှိပါတယ်။နေမာဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ပြောင်းရွှေ့လိုခြင်းမရှိဘဲနဲ့ စပိန်ပြင်ပ အသင်းကြီးတစ်သင်းမှာ သွားရောက်ကစားလိုနေပြီး အင်္ဂလန်နိုင်ငံကတော့ ဖြစ်နိုင်ချေအများဆုံးစာရင်းမှာ ပါဝင်လျက်ရှိပါတယ်။

သြဂုတ်လအတွင်းကတော့ မန်ယူအသင်းဟာ နေမာနဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် တိတ်တဆိတ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထွက်ခဲ့ပြီး မန်ယူပရိသတ်တွေရဲ့ စိတ်ကြိုက်ကစားသမားလည်း ဖြစ်နေခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာတော့ နည်းပြ ဂွာဒီယိုလာက ကိုင်တွယ်သွားတော့မှာဖြစ်ပြီး နေမာကလည်း ဘာစီလိုနာအသင်းကို စတင်ရောက်ရှိစဉ်က ဂွာဒီယိုလာရဲ့ လက်အောက်မှာပဲ ကစားချင်ခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။

မန်စီးတီးအသင်းဟာဆိုရင်တော့ ဂွာဒီယိုလာရဲ့ ဘယ်စိတ်ကြိုက်ကစားသမားမဆို ခေါ်ယူသွားပေးမှာဖြစ်ပြီး လောလောဆယ်တော့ နေမာကို ခေါ်ယူဖို့ ကြိုးပမ်းလာအုံးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : thesun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. သတင်းဖတ်ရတာရှုပ်တောင်ရှုပ်သွားတယ်။ မန်ယးယူလား မန်စီးတီးလား မသဲကွဲဘူး

    ReplyDelete