Powered by Blogger.

ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကိုရမှ ချယ်လ်ဆီးကနေ ထွက်ခွာဖွယ်ရှိတဲ့ ဟာဇတ်



ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာတော့ ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုကို မရရှိခဲ့လို့ ချယ်လ်ဆီးအသင်းမှာ ဆက်နေခဲ့တဲ့ ဟာဇတ်ဟာဆိုရင်တော့ သူ့အနေနဲ့ လာမယ့်ကာလတွေမှာလည်း ရီးရဲလ်ကလွဲရင် တခြားဘယ်အသင်းကိုမှ ပြောင်းရွှေ့ဖွယ်မရှိဘူးလို့ သိရပါတယ်။

SportsMail ရဲ့ ဖော်ပြမှုအရ ဘယ်လ်ဂျီယံစတားဟာဆိုရင်တော့ သူကစားဖို့ အိပ်မက်မက်ခဲ့ရတဲ့ စပိန်ဘီလူးအသင်းကိုသာ ပြောင်းရွှေ့ကစားချင်တဲ့ဆန္ဒပြင်းပြနေပြီး ပြင်သစ်ကလပ်ပီအက်စ်ဂျီရဲ့
မြင့်မားတဲ့လစာငွေနဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းက အမှန်တကယ်ကမ်းလှမ်းမှု မပြုလုပ်သေးသ၍ ဟာဇတ်ဟာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့လည်း အေးဂျင့်ဖြစ်သူက ပြောပါတယ်။

လိုင်လီအသင်းမှာ ကစားခဲ့ဖူးတဲ့ ဟာဇတ်ဟာဆိုရင်တော့ ပြင်သစ်လီဂူးမှာ ပြန်မကစားချင်တော့တာကြောင့်လည်း ပီအက်စ်ဂျီရဲ့ ကြိုးပမ်းမှုကို ငြင်းဆိုရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ပီအက်စ်ဂျီအပြင် အခြားအသင်းတွေနဲ့ သတင်းထွက်နေတဲ့ ဟာဇတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာဆိုရင်တော့ အမှန်ဖြစ်ဖွယ်မရှိနိုင်ပါဘူး။



ဟာဇတ်ကတော့ သူ့အနေနဲ့ အတွေ့အကြုံသစ်တွေ ရနိုင်မယ့် ဘောလုံးနယ်ပယ်တစ်ခုကိုပဲ အမြဲတမ်းရှာဖွေနေပြီး အောင်မြင်ပြီးတဲ့နေရာတွေမှာပဲ ကစားသမားဘဝကို အထိုင်ချမှာမဟုတ်ဘူးလို့ ဖွင့်ဟထားပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဟာဇတ်ရဲ့ တန်ကြေးကို အနည်းဆုံးပေါင်သန်း ၈၀ သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း လာမယ်ကာလတွေမှာ ရော်နယ်ဒိုရဲ့နေရာကို အစားထိုးနိုင်ဖို့အတွက် ခေါ်ယူသွားဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment