Powered by Blogger.

မန်ယူကို မော်ရင်ဟို ကိုင်တွယ်စဉ်မှာ ပြောင်းလဲလာနိုင်တဲ့ အခြေအနေများ



မန်ယူနည်းပြအဖြစ်တော့ မော်ရင်ဟိုတစ်ယောက်ကို လာမယ့်ရာသီမှာ မြင်ရဖို့ သေချာသွားခဲ့ပါပြီ။ သူ့ရဲ့ အနီးစပ်ဆုံးမိတ်ဆွေတွေကတော့ မော်ရင်ဟိုဟာ မန်ယူအသင်းကို ကိုင်တွယ်သွားဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ မော်ရင်ဟိုကို တစ်နှစ်ကို ပေါင် ၁၅ သန်းနဲ့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလို မန်ယူနည်းပြထိုင်ခုံကို ထိုင်တော့မယ့် မော်ရင်ဟိုဟာဆိုရင်တော့ သူနဲ့မန်ယူကြားမှာ အတိတ်ကာလတွေတုန်းက ရှိခဲ့ဖူးတဲ့ ရန်ကြွေးတွေကို ခဝါချနိုင်လိမ့်မယ်လို့လည်း ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေကြပါတယ်။

ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းကတော့ လက်ရှိမန်ယူအသင်းရဲ့ လက်ထောက်နည်းပြတာဝန်ကို ထမ်းဆောင်နေတဲ့ ရိုင်ယန်ဂစ်ဟာ မော်ရင်ဟိုသာ မန်ယူနည်းပြဖြစ်လာရင်တော့ လက်ထောက်နည်းပြအဖြစ် ဆက်ရှိနေဖို့ မသေချာဘူးလို့ သိရပါတယ်။ ဂစ်ဟာဆိုရင်တော့ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်နဲ့ လက်ရှိနည်းပြ ဗန်ဟားလ်တို့ရဲ့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

မော်ရင်ဟိုအတွက်တော့ ဂစ်ဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်လာနိုင်ပြီး မန်ယူရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ကစားသမားတွေ ၊ ပရိသတ်တွေနဲ့ ရင်းနှီးမှုရယူရမှာ မော်ရင်ဟိုအတွက်တော့ ပေါင်းကူးတံတားသဖွယ်ဖြစ်လာနိုင်ပါတယ်။
ဂစ်ကိုတော့ ဆွမ်ဆီး ၊ ဆဲလ်တစ်စတဲ့အသင်းတွေက နည်းပြအဖြစ်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လာမယ့်အနာဂတ်မှာတော့ ဂစ်ဟာ အိုးထရက်ဖို့ဒ်နဲ့ အဝေးကိုသာ ထွက်ခွာသွားဖွယ်ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နောက်ထပ်သတင်းတွေကတော့ မန်ယူမှာ လက်ရှိကစားနေတဲ့ ကစားသမားတွေကို ရောင်းချသွားဖွယ်ရှိနေတယ်ဆိုတာပါ။ မန်ယူအသင်းရဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ဖယ်လိုင်နီနဲ့ မာတာတို့ကိုတော့ မော်ရင်ဟိုကတော့ သဘောမကျဖြစ်နေခဲ့ပြီး သူတို့နှစ်ယောက်ကိုရောင်းချပြီး ကွင်းလယ်ပိုင်းကို ပြင်ဆင်ဖို့အတွက် လက်ရှိနည်းပြဗန်ဟားလ်နဲ့ အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်တို့နဲ့ အတူ ဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာဆိုရင်တော့ မာတာကို ချယ်လ်ဆီးအသင်းမှာတုန်းကလည်း သူ့ကစားကွက်နဲ့ ကိုက်ညီမှုမရှိခဲ့ဘူးဆိုပြီး မန်ယူအသင်းကို ရောင်းချခဲ့တာပါ။ အဲ့ဒီရာသီတုန်းကတော့ မာတာဟာ PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်လောက်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာဆိုရင်တော့ နည်းပြသစ်ဖြစ်လာမယ့် မော်ရင်ဟိုကို ယုံကြည်မှုအပြည့်ထားသွားမှာဖြစ်ပြီး ချယ်လ်ဆီး ၊ အာဆင်နယ် ၊ မန်စီးတီးစတဲ့ အသင်းတွေနဲ့ လာမယ့်ရာသီမှာ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်အောင် အသင်းကို စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးသွားဖွယ်လည်း ရှိနေပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment