Powered by Blogger.

ဝက်စ်ဟမ်းရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အသည်းကွဲခဲ့ရတဲ့ ကြိုးကြာနီ

အော့ဘွန်နာရဲ့ ခေါင်းတိုက်ဂိုးသွင်းယူပြီး အောင်ပွဲခံနေတဲ့ ဝက်စ်ဟမ်းအသင်းသားများ


မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲကျန်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝက်စ်ဟမ်းအသင်းကို နှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။ ဝက်စ်ဟမ်းနောက်ခံလူ အော့ဘွန်နာရဲ့ အချိန်ပို နောက်ကျဂိုးကြောင့် လီဗာပူးလ်တို့ အက်ဖ်အေဖလားက ထွက်ခဲ့ရပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ ဒီပွဲမှာ လူငယ်ကစားသမားအမြောက်အမြားနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်နေရာမှာတော့ ဘန်တီကီ ၊ ကော်တင်ဟိုစတဲ့ ကစားသမားကောင်းတွေကို ထုတ်သုံးခဲ့ပြီး လူငယ်ကစားသမားတွေနဲ့ ဝန်းရံခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ပြီး အန်ဒီကာရိုးလ် ၊ အန်နာဗလင်စီယာ ၊ ပါယက်နဲ့ အန်တိုနီယိုစတဲ့ ကစားသမားတွေနဲ့  ပွဲထုတ်ခဲ့ပါတယ်။



အန်တိုနီယိုရဲ့ မြေမကျဂိုး


တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ကစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ကြပါတယ်။ ပထမပိုင်းမှာတော့ ဝက်စ်ဟမ်းရော လီဗာပူးလ်ပါ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးလ်တိုက်စစ်မှူး ဘန်တီကီဟာ အပိုင်အခွင့်အရေး ခြောက်ကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့တာကြောင့်လည်း လီဗာပူးလ်တို့ အထိနာခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်နာဗလင်စီယာရဲ့ ဖြတ်တင်ဘောကနေ ညာနောက်ခံလူ အန်တိုနီယိုက မြေမကျကန်သွင်းနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။




လူစားဝင်လာတဲ့ စတာရစ်ခ်ျ


ဒုတိယပိုင်းမှာတော့ လီဗာပူးလ်အသင်းက ချေပဂိုးရနိုင်ဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို ကော်တင်ဟို လူတံတိုင်းအောက်ကို အနိမ့်ဘောကန်သွင်းခဲ့လို့ ကြိုးကြာနီတို့ ချေပဂိုးတွေ ရခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်အသင်း ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေးတွေကို ဘန်တီကီက ဖြုန်းတီးပစ်ခဲ့တာကြောင့် အနိုင်ဂိုးနဲ့ ဝေးခဲ့ရတယ်။


မစ်ဂ်နိုလက်ရဲ့ လက်စွမ်းပြကာကွယ်မှု

နှစ်သင်းလုံး မိနစ်ကိုးဆယ်ပြည့်တဲ့အထိ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ကြပါတယ်။ ဘန်တီကီ ဂိုးသမားနဲ့ တစ်ယောက်ချင်းအနေအထားမှာ ဂိုးသမားကို မကျော်နိုင်ခဲ့လို့ လီဗာပူးလ် အက်ဖ်အေဖလား နောက်တစ်ဆင့်တက်ခွင့် ဝေးသွားခဲ့ရတယ်။ ကြိုးကြာနီတို့ရဲ့ အသည်းကို ခွဲခဲ့တဲ့ အနိုင်ဂိုးကိုတော့ အချိန်ပို ဒုတိယပိုင်းရဲ့ နောက်ဆုံးမိနစ်ဖြစ်တဲ့  ၁၂၁ မိနစ်မှာ ပါယက်ရဲ့ ပြစ်ဒဏ်ဘောကနေ အော့ဘွန်နာက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ နောက်ပိုင်းပွဲတွေမှာ အသင်းရဲ့ နောက်တန်းကို အကောင်းဆုံးပြင်ဆင်မှု မလုပ်နိုင်ခဲ့တာကြောင့် ဂိုးတွေအပေးများခဲ့ရပြီး ပြိုင်ဘက်တွေရဲ့ ကျော်တက်ခြင်းကို မကြာခဏ ခံနေရတာဖြစ်တယ်လို့လည်း ထင်မိပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment