Powered by Blogger.

မက်ဆီ ကျောက်ကပ်ခွဲစိတ်မှု ခံယူမည်မဟုတ်



ဘာစီလိုနာတိုက်စစ်မှူး  Messi (မက်ဆီ) ရဲ့ ကျောက်ကပ်ခွဲစိတ်ကုသမှု ခံယူရမယ်ဆိုတဲ့ နာမည်ကြီးနေတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ သိရပါတယ်။ မက်ဆီဟာဆိုရင်တော့ ဗုဒ္ဓဟူးနေ့မှာ ကစားတဲ့  ဗလင်စီယာအသင်းနဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ကျောက်ကပ်ပြဿနာကြောင့် တနင်္လာနေ့က ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကိုတော့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

မက်ဆီဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက ဒီကျောက်ကပ်ပြဿနာကို ကြုံတွေ့ခဲ့ရတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ဒီရောဂါကို ကုသဖို့အတွက် ဆေးစစ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုဆေးစစ်မှုတွေ ပြုလုပ်နေရတာကိုတော့ ဘာစီလိုနာအသင်းက သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ တရားဝင်အတည်ပြုပေးခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး မက်ဆီဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားမှာလည်း ကျောက်ကပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေကြောင့် လွဲချော်ခဲ့ပါသေးတယ်။ ဒီလိုဒဏ်ရာပြဿနာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မက်ဆီဟာ ကျောက်ကပ်ခွဲစိတ်မှု ခံယူရတော့မယ်ဆိုတဲ့ ကောလဟလတွေကလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ဒီသတင်းတွေဟာ မမှန်ကန်ဘဲနဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အသင်းကြီးနဲ့ လေ့ကျင့်ခန်းလာဆင်းနိုင်မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာဆိုရင်တော့ ပြီးခဲ့တဲ့ ဘုရင့်ဖလား ပထမအကျော့မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ခုနစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)

#sports.thithtoolwin.com

Ref : Goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment