Powered by Blogger.

မန်ယူနည်းပြဟောင်း ဖာဂူဆန်ကို နားဆူအောင်လုပ်တော့မယ့် အိမ်နီးချင်းသစ် စတာလင်




မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ Sterling (စတာလင်) ဟာဆိုရင်တော့ ချက်ရှိုင်းယားဒေသက လမ်းထဲမှာ ပေါင် ၃.၅ သန်းတန် အိမ်တစ်လုံးကို ဝယ်ယူလိုက်ပါတယ်။ ထူးခြားချက်အနေနဲ့တော့ သူ့ရဲ့ စံအိမ်ဟာဆိုရင် မန်ယူအသင်းရဲ့ သက်တော်ရှည်နည်းပြဟောင်း  Ferguson (ဖာဂူဆန်)ရဲ့ နေအိမ်နဲ့ ဘေးချင်းကပ်အနေအထားမှာ ရှိနေတာပါ။

စတာလင်နဲ့ ဖာဂူဆန်တို့ရဲ့ နေအိမ်တွေဟာ ခဲတစ်ပစ်စာသာ ကွာဝေးပြီး အသက် ၂၁ နှစ်အရွယ် စတာလင်ဟာ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ နေအိမ်ဟောင်းမှာတုန်းက ပါတီ ခဏခဏပေးပြီး ပတ်ဝန်းကျင်ကို ဆူညံစေခဲ့တာကြောင့် နေအိမ်သစ်မှာ အိမ်နီးချင်းဖြစ်နေတဲ့  ဖာဂူဆန်ကတော့ လာမယ့်ကာလတွေမှာ စတာလင်ကြောင့် စိတ်ညစ်ရနိုင်တယ်ဆိုပြီး သတင်းတွေက ရေးသားခဲ့ကြပါတယ်။

စတာလင်ရဲ့ နေအိမ်သစ်မှာတော့ ပေ ၃၀ ကျယ်တဲ့ အိပ်ခန်းခြောက်ခန်းအပြင် ရေကူးကန်တစ်ခုရယ် ၊ ရုပ်ရှင်ရုံတစ်ရုံ ၊ ပန်းခြံနဲ့ ကားသုံးစီးဆန့် ကားဂိုဒေါင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ စတာလင်ဟာ သူ့ရဲ့ ချစ်သူ ပေ့ခ်ျလီဟန်ဆယ်နဲ့ အဲ့ဒီအိမ်မှာ အတူတကွနေထိုင်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဖာဂူဆန်ကတော့ သူ့ရဲ့ တော်ဝင်စံအိမ်မှာ နေထိုင်လာခဲ့တာဟာဆိုရင်တော့ နှစ် ၂၀ လောက်ရှိနေပြီ ဖြစ်ပြီး စတာလင်ကလည်း အိမ်ပြောင်းပြီးမှ ဖာဂူဆန်ဟာ သူ့ရဲ့ အိမ်နီးချင်းဖြစ်တယ်ဆိုတာ သိခဲ့ရပေမယ့်လည်း အဲ့ဒီအိမ်မှာ နေရတာကို နှစ်သက်လျက်ရှိနေတယ်လို့ သိရပါတယ်။ စတာလင်ဟာဆိုရင်တော့ သူ့ရဲ့ ဘားတစ်ခုပါဝင်တဲ့ ဆော့်သ်ပို့တ်ဒေသက စတာလင်ပေါင် ၁.၅ နေအိမ်ဟောင်းကိုတော့ ရောင်းချဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

စတာလင်ဟာဆိုရင်တော့ လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းကို စတာလင်ပေါင် ၄၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်ကို ပေါင်တစ်သိန်းခွဲထက်မနည်း ရရှိနေတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment