Powered by Blogger.

မန်စီးတီးနောက်ခံလူ Zabaleta ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အင်တာမီလန်



မန်စီးတီးအသင်းရဲ့ အာဂျင်တိုင်းနောက်ခံလူ Zabaleta ဟာ ဒူးဒဏ်ရာနှစ်ခုကြောင့် ဘောလုံးရာသီတစ်ခုနီးပါးလောက်ကို အချိန်ကုန်ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ ဒဏ်ရာကပြန်ကောင်းလာတဲ့အချိန်မှာလည်း ပွဲထွက်ခွင့်မရတော့ဘဲ မန်စီးတီးအသင်းနောက်တန်းမှာ ခြေစွမ်းပြနေတဲ့ Bacary Sagna ရဲ့ နောက် အရန်ခုံမှာပဲ အချိန်ကုန်ဆုံးနေခဲ့ရပါတယ်။

အဲ့လို မန်စီးတီးမှာ နေရာပျောက်နေတဲ့  Zabaleta ကိုတော့ အင်တာမီလန်အသင်းက ခေါ်ယူလိုနေပြီး အသင်းနောက်တန်းကို အင်အားဖြည့်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အင်တာမီလန်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ Macini ဟာ မန်စီးတီးအသင်းမှာ အချိန်အတော်ကြာ နည်းပြခဲ့ဖူးပြီး မန်စီးတီး ကစားသမားတွေရဲ့ ခြေစွမ်းကို သိရှိနေပါတယ်။ ဒါ့ကြောင့် အရည်အချင်းမသေးတဲ့  Zabaleta ကို သူနည်းပြနေတဲ့ အသင်းမှာ လာရောက်ကစားဖို့အတွက် Mancini က မျှော်လင့်လျက်ရှိပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စီစဉ်လျက်ရှိပါတယ်။

အင်တာမီလန်အသင်းရဲ့ ဒုတိယဥက္ကဌအဖြစ်တာဝန်ယူနေတဲ့ Zanetti ကလည်း "  Pablo (Zabaleta) နဲ့ ကျွန်တော်တို့ အာဂျင်တီးနားအသင်းမှာ အတူ ကစားခဲ့ဖူးကြပြီး အမှတ်ရစရာတွေ အများကြီးရှိခဲ့တယ်။ သူက ခင်မင်စရာကောင်းတဲ့သူဖြစ်ပြီး တကယ့်ကို ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ပါပဲ " လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ စာချုပ်သက်တမ်းတစ်နှစ်ခွဲလောက်ကျန်ရှိနေသေးတဲ့ သူ့ကို ရောင်းချလိုခြင်းမရှိသေးဘဲ ရောင်းချခဲ့ရင်လည်း ငွေကြေးအနည်းငယ်သာ ရရှိမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment