Powered by Blogger.

Falcao ရဲ့ ပွဲကစားချိန်တစ်မိနစ်မှာ ရရှိတဲ့ငွေကြေးက iPad Airs ၃၃ လုံးကို ဝယ်ယူနိုင်




ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပျောက်ဆုံးလျက်ရှိတဲ့ ကိုလံဘီယာတိုက်စစ်မှူး Radamel Falcao ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တစ်ဂိုးသာသွင်းယူထားနိုင်ပြီး သူကစားရတဲ့မိနစ်တိုင်းဟာလည်း အဖိုးတန်လျက်ရှိနေပါတယ်။ သူဟာ ပွဲဦးထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပွဲထွက်ထားရပြီး ရှစ်ပွဲအထိ လူစားဝင်ကစားသမားတစ်ယောက်အဖြစ် ပါဝင်နေရပါတယ်။

သူဟာ ချယ်လ်ဆီးအသင်းကို တစ်ပတ်လုပ်ခပေါင် ၁၄၀၀၀၀ နဲ့ အငှားရောက်ရှိနေတာဖြစ်ပြီး အခုဆိုရင်တော့ Falcao ဟာ ပေါင် ၃.၆၄ သန်းအထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သူကစားခွင့်ရခဲ့တဲ့ မိနစ်အရေအတွက်နဲ့ ရရှိခဲ့တဲ့ ငွေကြေးပမာဏတွေကို အချိုးချတွက်ချက်လိုက်တဲ့အခါမှာတော့

သူ့ရဲ့ ပွဲတွင်း ကစားခွင့် ရတဲ့တစ်မိနစ်နှုန်းထားဟာ ပေါင် ၁၇၀၀၀ လောက်အထိရောက်ရှိနေခဲ့ပါတယ်။ ဒီလို Falcao တစ်မိနစ်စာရတဲ့ ငွေကြေးပမာဏဟာ iPad Airs ၃၃ လုံးကို ဝယ်ယူနိုင်သလို လန်ဒန်မြို့မှာ လေးနှစ်လောက် လည်ပတ်နေလို့လည်း ပါတယ်။ သူဟာ အကယ်လို့များ ဇိမ်ခံပစ္စည်းကြိုက်တတ်သေးရင် 1961 Jaguar Mark II တစ်စီးကို တစ်မိနစ်အတွင်းမှာတင် ဝယ်စီးလို့ရနေပါသေးတယ်။

ဒါ့ကြောင့် Falcao ကွင်းတွင်းမှာ ခြေစွမ်းပျောက်နေတာကို သင့်အနေနဲ့ သနားမနေသင့်ပါဘူး။ သင့်ကိုယ်သင်အရင်သနားရပါလိမ့်မယ်။ သင်သနားနေလည်း သူကတော့ လစာကတော့ ကောင်းနေမြဲပါပဲ။ အခုလို စစ်တမ်းတွေကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့ လစာကို လျှော့ချဖို့စီစဉ်နေပြီး ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။

အခုလောလောဆယ် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ လက်စတာဂိုးသွင်းစက် Vardy ကတော့ ပွဲကစားချိန်တစ်မိနစ်ကို ၆၈၁ ပေါင်သာကုန်ကျပြီး ၁၅ ဂိုးအထိလည်း သွင်းယူပေးထားနိုင်ပါတယ်။ Falcao ရဲ့ ဂိုးကန်သွင်းမှုနှုန်းကို ထပ်မံတွက်ချက်ရာမှာတော့ ချယ်လ်ဆီးအသင်းဟာ Falcao ရဲ့ ဂိုးကန်ချက်တစ်ခုအတွက် ၄၈၃၃ ပေါင် ကုန်ကျလျက်ရှိတယ်လို့လည်း သိရပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment