Powered by Blogger.

လက်​စတာတိုက်​စစ်​မှူး Vardy နှစ်​ပတ်​ခန့်​အနားယူရဖွယ်​ရှိ



လက်​စတာအသင်းရဲ့ ဂိုးသွင်းစံချိန်​ရှင်​ တိုက်​စစ်​မှူး Jamie Vardy ဟာ ​ပေါင်​ခြံဒဏ်​ရာ​ကြောင့်​ နှစ်​ပတ်​​လောက်​အနားယူရ​တော့မှာဖြစ်​ပါတယ်​​။ သူဟာ ဘုန်း​မောက်​အသင်းနဲ့ သ​ရေကျခဲ့တဲ့ပွဲမှာ ဒီဒဏ်​ရာကို ရရှိခဲ့တာဖြစ်​ပြီး ခွဲစတ်​ကုသမှုခံယူရ​တော့မှာလည်းဖြစ်​ပါတယ်​။

Vardy ဟာ ဒီဒဏ်​ရာ​ကြောင့်​ တနင်္ဂ​နွေ​နေ့မှာ ကစားမယ့်​ စပါးအသင်းနဲ့ အက်​ဖ်​​အေဖလားပွဲစဉ်​ကို လွဲ​ချော်​သွား​တော့မှာဖြစ်​ပြီး အက်​စတွန်​ဗီလာနဲ့ပွဲမတိုင်​ခင်​ ပြန်​ကစားနိုင်​ဖို့​တော့ ​မျှော်​လင့်​လျက်​ရှိပါတယ်​။

သူဟာ ရာသီတစ်​​လျှောက်​လုံးမှာ အ​သေးစားဒဏ်​ရာပြဿနာ​တွေကို ​တောက်​​လျှောက်​ကြုံ​တွေ့ခဲ့ရ​ပေမယ့်​လည်း အ​ကောင်းဆုံးကစားပြနိုင်​ခဲ့ပြီး မန်​ယူတိုက်​စစ်​မှူး Van Nistelrooy ရဲ့ ပရီးမီးယားလိဂ်​ပွဲဆက်​ဂိုးသွင်းအများဆုံးစံချိန်​ကိုလည်း ရိုက်​ချိုးနိုင်​ခဲ့တဲ့ ကစားသမားတစ်​​ယောက်​လည်းဖြစ်​ပါတယ်​။


(Paing A K)

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a comment