ဆွမ်ဆီးပွဲ အနိုင်ဂိုးကြောင့် နာမည်သစ်နဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ Rooney
မန်ယူအသင်းရဲ့ တိုက်စစ်မှူး Rooney ဟာ ဆွမ်ဆီးအသင်းနဲ့ ပွဲမှာ သွင်းခဲ့တဲ့အနိုင်ဂိုးကြောင့် စံချိန်တွေလည်း တင်နိုင်ခဲ့သလို နာမည်သစ်တွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် မန်ယူနည်းပြ Van Gaal ရဲ့ ချီးကျူးမှုကိုလည်း ခံခဲ့ရပါသေးတယ်။
Rooney ဟာ ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးကို နောက်ပေါက်နဲ့သွင်းယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး သူရဲကောင်းဖြစ်ခဲ့ပါတယ်။ Rooney ဟာ ဒီဂိုးကြောင့် မန်ယူ ဂန္တဝင် Denis Law ကို ကျော်ဖြတ်ပြီး မန်ယူအသင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံးကစားသမားစံချိန်ကို ရရှိခဲ့ပာတယ်။
သူဒီလိုခြေစွမ်းပြခဲ့တာကိုတော့ အသင်းဖော် Schweinsteiger ကတော့ `မစ္စတာဖနောင့်´ လို့ နာမည်ပေးခဲ့ပြီးဂုဏ်ပြုခဲ့ပါတယ်။
မန်ယူနည်းပြ Van Gaal ကတော့ " အသက်သုံးဆယ်အရွယ် ကစားသမားတစ်ယောက်က အသင်းမှာအခုလို ခြေစွမ်းပြနေနိုင်တာဟာ တကယ်ကို အံ့သြစရာပါပဲ။ သူ့ရဲ့ အနိုင်ဂိုးက အသင်းကို အထောက်အကူပြုခဲ့သလို သူ့အတွက်လည်း ကောင်းမွန်တဲ့အစပါပဲ။ အခုလိုမျိုး အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment