ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ နည်းပြ Benitez ကို ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ဗလင်စီယာအသင်းကို အနိုင်မရခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေ
ဒါ့ကြောင့် အပြောင်းအလဲပြုလုပ်ဖို့ အသင်းရဲ့ အရေးပေါ်အစည်းအဝေးကို ခေါ်ခဲ့ပြီး အခုလို Benitez ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ သူ့နေရာမှာတော့ ရီးရဲလ်လူငယ်အသင်းကို တာဝန်ယူနေတဲ့ ရီးရဲလ်အသင်းနဲ့ ပြင်သစ်ကစားသမားဟောင်း Zidane ကို နည်းပြချုပ်အဖြစ် အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
"ကျွန်တော် ကစားသမားတွေအတွက် အကောင်းဆုံး ကြိုးစားပေးသွားမှာပါ။ ကျွန်တော်ရဲ့ အလုပ်တွေက မနက်ဖြန်ကစတော့မှာလေ။ အားလုံးအဆင်ပြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားတွေကို ဒီအသင်းမှာ မြှုပ်နှံထားတာပါ။ ကျေးဇူးတင်ပါတယ် " လို့ Zidane က မိတ်ဆက်ပွဲမှာပြောကြားခဲ့ပါတယ်။
Zidane ဟာ ကြီးမားတဲ့နည်းပြတာဝန်ကို အခုမှ တာဝန်ယူဖူးတာဖြစ်ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကိုတော့ အပြည့်အဝရရှိထားပါတယ်။ အများစုကတော့ နည်းပြဟောင်း Mourinho ကို အသင်းနည်းပြ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကတော့ အခုလိုပဲ လူငယ်အသင်းနည်းပြ Zidane ကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
0 comments :
Post a Comment