Powered by Blogger.

ရီးရဲလ်အသင်းရဲ့ နည်းပြအပြောင်းအလဲကို အခွင့်ကောင်းယူပြီး Bale ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ မန်ယူ




မန်ယူအသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်းဖြစ်ခဲ့တဲ့ ရီးရဲလ်စတား Gareth Bale ကို ခေါ်ယူဖို့ ပြန်လည်ပြင်ဆင်လာတယ်လို့ သိရပါတယ်။ သူတို့ဟာ ဒီဝေးလ်စ်လက်ရွေးစင်အတွက် အနည်းဆုံး ပေါင် ၇၅ သန်းပေးဖို့ အသင့်ဖြစ်နေပြီး ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြအပြောင်းအလဲကာလမှာ မန်ယူအသင်းဟာ Bale ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

အခုရီးရဲလ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ Zidane ကတော့ Bale ဟာ ရောင်းကုန်မဟုတ်ဘူးလို့ ပြောကြားထားပေမယ့်လည်း Bale ကတော့ သူ့ကို အားကိုးတဲ့ နည်းပြ Benitez မရှိတော့တာကို စိတ်ပျက်လျက်ရှိတယ်လို့ သိရပါတယ်။ Benitez ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ Bale ကို အဓိကအားပြုတဲ့ ကစားကွက်မျိုးကို တည်ဆောက်ခဲ့ပြီး Bale ကတော့ ဒီကစားကွက်မှာ အံဝင်ခဲ့ပြီး ကိုးဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

ဒါ့ကြောင့် Bale ဟာ Benitez လို နည်းပြမျိုးအသင်းက ထွက်ခွာသွားတာကို စိတ်ပျက်နေပြီး အသင်းနည်းပြသစ်ဖြစ်လာတဲ့ Zidane လက်အောက်မှာရော အရင်လို အဓိက ကစားသမားဖြစ်မလာတော့မှာကို စိုးရိမ်လျက်ရှိပါတယ်။ ဒီလို အခွင့်အရေးတွေရနေချိန်မှာ Bale ကို အသင်းကို အရခေါ်ဖို့ ကြိုးစားနေတာကတော့ မန်ယူအသင်းပါ။ အခုလို နည်းပြအပြောင်းအလဲကြောင့် မန်ယူအသင်းဟာ Bale ကို အသင်းကို အရခေါ်ဖို့ အခွင့်အရေးတွေပိုကောင်းလာပြီး တစ်ကျော့ပြန်လည်ကြိုးစားလာခဲ့တာပါ။

 မန်ယူအသင်းနည်းပြ Van Gaal ကတော့ အသင်းမှာ မြန်နှုန်းမြင့် တောင်ပံကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ အဓိက အလိုရှိနေတာဖြစ်ပြီး ဒီနေရာအတွက်တော့ Gareth Bale က နံပါတ်တစ်ပစ်မှတ်ဖြစ်လာခဲ့တာပါ။

ရီးရဲလ်နည်းပြသစ် Zidane ကတော့ Bale ကို အရင်ကစားကွက်အတိုင်းသာ ကစားခိုင်းမှာဖြစ်ပြီး ပြောင်းလဲမှု ကြီးကြီးမားမားတော့ လုပ်အုံးမှာ မဟုတ်သေးဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ရီးရဲလ်အသင်း ဥက္ကဌ Perez ကလည်း Bale ကို C.Ronaldo လိုမျိုး အသင်းမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပြီး အသင်းမှာပဲဆက်ရှိနေစေချင်တာပါ။

ယူနိုက်တက် အမှုဆောင်ချုပ် Ed Woodward ကတော့ Bale ကို မန်ယူအသင်းမှာ အကောင်းဆုံးလာရောက်ကစားနိုင်မယ်လို့ မျှော်လင့်လျက်ရှိပြီး Bale အတွက် အနည်းဆုံး ပေါင် ၇၅ သန်း သုံးစွဲသွားဖို့ အဆင်သင့်ရှိနေပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment