Powered by Blogger.

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ်ရှိတဲ့ ကစားသမားများ






ဒီမှာတော့ အသင်းပြောင်းနိုင်ချေတွေရှိနေတဲ့ ကစားသမားဆယ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ဆယ်ယောက်ကတော့ အခုလောလောဆယ်မှာ ပရီးမီးယားလိဂ်အသင်းတွေကို ပြောင်းရွှေ့ဖွယ်ရှိတဲ့ ကစားသမားတွေအဖြစ်နဲ့ တစ်ပြေးနေကြပေမယ့်လည်း အခြားသော လိဂ်ပြိုင်ပွဲတွေရဲ့ ကလပ်တွေကလည်း သူတို့ကို ခေါ်ယူဖွယ်တွေရှိနေပါတယ်။




၁. Felipe Anderson

လာဇီယိုအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Felipe Anderson ကတော့ မန်ယူအသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားဖြစ်ပြီး သူ့အပြောင်းအရွှေ့အတွက် မန်ယူအသင်းက ရောမမြို့မှာ အနီးကပ်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ သူ့ကိုတော့ ပေါင်သန်းလေးဆယ်လောက် အနည်းဆုံးသုံးစွဲရဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။




၂. Pierre-Emerick Aubameyang

သူကတော့ အခုလောလောဆယ် ဒေါ့မွန်အသင်းရဲ့ ဂိုးသွင်းစက်တိုက်စစ်မှူးတစ်ယောက်ပါ။ သူ့ကိုလည်း မန်ယူအသင်းကပဲ စိတ်ဝင်စားနေပြီး နောက်ပိုင်းသတင်းတွေအရတော့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားလာလျက်ရှိပါတယ်။ ဒေါ့မွန်ကတော့ သူ့ကို ပေါင ၄၂ သန်း ဈေးဖွင့်ထားတယ်လို့ သိရပါတယ်။




၃. Karim Benzema

Karim Benzema ကတော့ အခုလောလောယ် sex-tape ကိစ္စကြောင့် ပြင်သစ်နိုင်ငံမှာ စစ်ဆေးမှုတွေကို ပြုလုပ်ခံနေရပါတယ်။ သူ့ကိုတော့ တိုက်စစ်မှူးတစ်ယောက်ကို လိုအပ်နေတဲ့ အာဆင်နယ်အသင်းက စိတ်ဝင်စားခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ မန်စီးတီးအသင်းက သူ့ကို ခေါ်ယူဖို့ ချိန်ရွယ်လာခဲ့တာဖြစ်ပါတယ်။





၎. Isco

Isco ကတော့ ရီးရဲလ်မက်ဒရစ်မှာ နေရာလုနေရတာကို သိပ်မကြိုက်ပါဘူး။ သူ့ကတော့ မန်စီးတီးနည်းပြဖြစ်နေတဲ့ Pellegrini နဲ့ မာလာဂါအသင်းမှာ လက်တွဲခဲ့ဖူးပြီး အခုဆိုရင်လည်း ဆရာဟောင်းနောက်ကို လိုက်သွားဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ သူ့ကိုတော့ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။



၅. Juan Iturbe

ရိုးမားအသင်းရဲ့ ဒီတိုက်စစ်မှူးကိုတော့ ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့က စိတ်ဝင်စားနေပြီး ဒီကစားသမားကလည်း အီတလီမြေကို ပြောင်းရွှေ့ချင်နေတာကြောင့် လာမယ့်ဆောင်းမှာ မြင်တွေ့ရနိုင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်နေပါတယ်။



၆. Jackson Martinez

ပေါ်တိုအသင်းမှာ တောက်ပခဲ့ပေမယ့်လည်း လာလီဂါမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ Jackson Martinez ကိုတော့ ချယ်လ်ဆီးအသင်းက Diego Costa ကို အလိုက်ပေးပြီး ကမ်းလှမ်းဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ Diego Costa ကလည်း အက်သလက်တီကိုအသင်းကို ပြန်ချင်နေတာကြောင့် အက်သလက်တီကိုအသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ Jackson Martinez ကို ချယ်လ်ဆီးက သူတို့ရဲ့ တိုက်စစ်မှူးဟောင်း Diego Costa  နဲ့များ အလဲအထပ်ပြုလုပ်ကြမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။




၇. Nolito


Nolito ကတော့ ဆယ်လ်တာဗီဂိုအသင်းရဲ့ အသက်သွေးကြောအဖြစ် ဒီရာသီမှာ ခြေစွမ်းပြနေခဲ့ပါတယ်။ သူ့ကိုတော့ အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က မျက်ခြေမပြတ်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။






၈. Neymar

 Neymar ကတော့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် 2015 Fifa Ballon d’Or ရဲ့ ဆန်ကာတင်သုံးယောက်စာရင်းမှာတောင် ပါဝင်နေခဲပါပြီ။ သူ့ကိုတော့ မန်ယူအသင်းက ပြောင်းရွှေ့ကြေးအဆမတန်မြင့်မားနေမယ်ဆိုရင်တောင် ခေါ်ယူဖို့အသင့်ဖြစ်နေပါတယ်။



၉. Martin Odegaard

Martin Odegaard ကတော့ အသက်က ၁၆ နှစ်သာရှိသေးပေမယ့်လည်း သူ့ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့တော့  Odegaard အနေနဲ့ အလှမ်းဝေးနေသေးတာကြောင့် သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို အငှားစာချုပ်နဲ့ လာရောက်ကစားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

၁၀. Leroy Sane

ရှော်ကေးအသင်းရဲ့ ငွေကြယ်ပွင့်ကစားသမားကိုတော့ အသင်းကြီးတွေ အတော်များများက စိတ်ဝင်စားလျက်ရှိကြပြီး အာဆင်နယ် ၊ ပီအက်စ်ဂျီ ၊ ဘာစီလိုနာလို အသင်းတွေက စောင့်ကြည့်နေတာပါ။ သူ့ကိုတော့ ရှော်ကေးက အနည်းဆုံး ပေါင်သန်းသုံးဆယ်လောက်ပေးမှ စိတ်ဝင်စားမယ်လို့ ဈေးဖွင့်ထားခဲ့တာကြောင့် ၁၉ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက်တော့ ကြီးမားလွန်းတဲ့ ပြောင်းရွှေ့ကြေးဖြစ်နေပါတယ်။





( Paing A K)



#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment