Powered by Blogger.

နောက်ခံလူတွေဒဏ်ရာရရှိမှုကြောင့် အသင်းနောက်တန်းကို အားဖြည့်ဖို့ စီစဉ်နေတဲ့ လီဗာပူးလ်





လီဗာပူးလ်အသင်းရဲ့ နည်းပြ Jurgen Klopp ဟာဆိုရင်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုတွေပြုလုပ်ဖို့အတွက် အကြောင်းတွေဖြစ်ပေါ်လာရပါပြီ။ မနေ့ညက ကစားခဲ့တဲ့ စတုတ်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ကတ်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ Coutinho နဲ့ နောက်ခံလူ Lovren တို့ဟာ ဒဏ်ရာအသီးသီးရရှိသွားခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဖြစ်တဲ့ Skrtel ကတော့ တံကောက်ကြောဒဏ်ရာကြောင့် သုံးလလောက်အနားယူရနေရတာဖြစ်ပြီး တခြားနောက်ခံလူတွေဖြစ်တဲ့ Joe Gomez ၊ Sakho နဲ့  Kolo Toure တို့ကလည်း ဒဏ်ရာပြဿနာတွေ အသီးသီးရှိနေတာပါ။ အခုနောက်ဆုံးမှာလည်း နောက်ခံလူ Lovren က ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးလ်အသင်းနည်းပြ Klopp ကတော့ လာမယ့် အပြောင်းအရွှေ့မှာ နောက်ခံလူတစ်ယောက်ကို ခေါ်ယူဖို့ စီစဉ်ရတော့မယ်ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

Klopp ဟာ လာမယ့်နွေရာသီမှသာ ကစားသမားသစ်တွေခေါ်ယူဖို့ စီစဉ်ထားပေမယ့်လည်း အသင်းရဲ့ အရေးပေါ်အခြေအနေကြောင့် သူ့ရဲ့ စိတ်ကြိုက်ပစ်မှတ်ကစားသမားဖြစ်တဲ့ ရှော်ကေးနောက်ခံလူ Matip ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့လည်း DailyMail က ဖော်ပြထားပါတယ်။
Matip ကိုတော့  Klopp က လာမယ့်နွေရာသီမှာမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာပါ။

" အခုလောလောဆယ်မှာတော့ ဘယ်ဗဟိုနောက်ခံလူမှ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ကျွန်တော်တို့ အပြောင်းအရွှေ့ဈေးကွက်ကို ဝင်ရောက်ဖို့ အခြေအနေတွေက ဖန်တီးလာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်ပတ်တုန်းကတော့ ဗဟိုနောက်ခံလူ သုံးယောက်လုံး ကစားနိုင်တယ် ဒါကတော့ ဝမ်းသာစရာပါပဲ။ ရာသီအစမှာ ငါးယောက်တောက်ရှိခဲ့တယ်။ အခု ကျွန်တော်တို့မှာ ကစားနိုင်တဲ့ နောက်ခံလူက တစ်ယောက်ပဲ ရှိတော့တယ် " လို့ Klopp က ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ တံကောက်ကြောဒဏ်ရာရနေတဲ့ ကစားသမားတွေများပြားနေတာနဲ့ ပတ်သက်ပြီးတော့လည်း Klopp က " ကျွန်တော်တို့ ဒဏ်ရာကနေ ပြန်သက်သာလာတာတောင် လေ့ကျင့်ခန်းမဆင်းခိုင်းသေးပါဘူး။ ဒါကလက်ရှိဖြစ်နေတဲ့ အခြေအနေပါ။ ကျွန်တော်တို့ ဘယ်အချိန်မှာ လေ့ကျင့်ခန်းဆင်းသင့်လဲတောင် မသိတော့ပါဘူး " လို့ Klopp က ပြောပါတယ်။


လီဗာပူးလ်အသင်း၏ ဒဏ်ရာရကစားသမားများ
==========================

Philippe Coutinho - တံကောက်ကြော
Dejan Lovren - တံကောက်ကြော

Divock Origi - တံကောက်ကြော

Daniel Sturridge - တံကောက်ကြော

Martin Skrtel - တံကောက်ကြော

Jordan Rossiter - တံကောက်ကြော

Mamadou Sakho - မသိရသေး

Jordan Henderson - ခြေဖနောင့်

Joe Gomez - ဒူး

Danny Ings - ဒူး



( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : Dailymail



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment