Powered by Blogger.

အမေဖြစ်သူကို မွေးနေ့လက်ဆောင်အဖြစ် Porsche ကား ပေးခဲ့တဲ့ Ronaldo






ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး Ronaldo ကတော့ မာတာမိခင်ဖြစ်သူရဲ့ မွေးနေ့မှာ အကောင်းဆုံးလက်ဆောင်တစ်ခုကို ပေးစွမ်းလိုက်ပြန်ပါပြီ။ အကယ်လို့ သင်ဟာလည်း Ronaldo လို ကျော်ကြားသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်မိခင်ကို အခုလို အံအားသင့်ဖွယ် လက်ဆောင်တွေပေးနိုင်ပါလိမ့်မယ်။

Ronaldo ဟာ သူ့ရဲ့မိခင်ဖြစ်သူ Dolores Aveiro ကို အဖြူရောင် Porsche ကားတစ်စီးကို လက်ဆောင်ပေးခဲ့တာပါ။ Ronaldo ကတော့ သူ့ရဲ့ မိခင်ဟာ သူ့ဘဝမှာ အရေးကြီးဆုံးလူတစ်ယောက်ဖြစ်တာကြောင့် အခုလို ကားကို လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။




ဒီလိုလက်ဆောင်ပေးခဲ့တာကိုတော့ Dolores Aveiro က Instagram စာမျက်နှာပေါ်ကိုတင်ခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကို Ronaldo က လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကို မျှဝေပေးခဲ့ပါတယ်။

Ronaldo ကတော့ သူမရဲ့ မွေးနေ့မှာ ပေါ်တူဂီမှာ ရှိမနေဘဲ မော်ရိုကိုနိုင်ငံကို သွားရောက်အပန်းဖြေလျက်ရှိတယ်လို့ သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Bleacherreport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment