Powered by Blogger.

မိမိအသင်းရဲ့ အပြောင်းအရွှေ့ခေါ်ယူမှုတွေက ခေါင်းကြီးပိုင်းသတင်းမှာပါဝင်နေမယ်ဆိုတဲ့ Arsene Wenger


အာဆင်နယ်အသင်းရဲ့ နည်းပြ Arsene Wenger ကတော့ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒီသတင်းတွေဟာ သတင်း ခေါင်းကြီးပိုင်းကနေ ပါဝင်နေတော့မှာဖြစ်တယ်လို့ ပရိသတ်တွေကို ပြောလိုက်ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ ပထမဆုံးလှုပ်ရှားမှုအဖြစ် ဘေဆယ်ကွင်းလယ်လူ Elneny ကို ခေါ်ယူဖို့လည်း သဘောတူညီမှုတွေရရှိထားပြီးဖြစ်တယ်လို့ သတင်းတွေထွက်နေပြီး နောက်ထပ်ခေါ်ယူမှုတွေပြုလုပ်သွားဖို့လည်း စိုင်းပြင်းနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကတော့ အသင်းကနေ ထွက်ခွာနိုင်ချေရှိတဲ့ ကစားသမားတွေလည်းရှိနေပါသေးတယ်။ သူကတော့ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ညာနောက်ခံလူ Debuchy ဖြစ်ပြီး သူ့အတွက် ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မယ့်အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့လိုနေတာလည်းဖြစ်ပါတယ်။

Debuchy ကိုတော့ ရိုးမား ၊ မိုနာကိုအသင်းနဲ့ လိုင်ယွန်အသင်းတို့ စိတ်ဝင်စားလျက်ရှိနေပြီး ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ အခုလောလောဆယ်မှာတော့ ကွင်းလယ်လူ ပြဿနာကို ကြုံတွေ့ရလျက်ရှိပြီး ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် အင်အားဖြည့်တင်းဖို့ကို နည်းပြ Arsene Wenger က အလိုရှိနေတာပါ။

Wenger ကတော့ " ကျွန်တော် လာမယ့် အပြောင်းအရွှေ့ကာလမှာလည်း အလုပ်ရှုပ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ အချိန်တွေတုန်းကတော့ ကျွန်တော်တို့အသင်းမှာ ကစားသမား အခက်အခဲတွေအများကြီး ရှိခဲ့တယ်။ အထူးသဖြင့် ကွင်းလယ်အပိုင်းပေါ့။ ဒါ့ကြောင့် ကျွန်တော် အလုပ်ရှုပ်ဖို့ကတော့ သေချာသလောက်ကို ရှိနေတာပါ။ ကျွန်တော်ကထင်တာထက်ပိုလုပ်တတ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ သင်သိပါလိမ့်မယ်။ " လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူအားဖြည့်မှုတွေအပြင် တိုက်စစ်နေရာအားဖြည့်မှုတွေ ပြုလုပ်ဖို့လည်း စီစဉ်လျက်ရှိနေပါတယ်။ အခုလောလောဆယ်မှာတော့ လေဗာကူဆင် တိုက်စစ်မှူး Javier Hernandez ကို ခေါ်ယူမယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်  ထွက်ပေါ်လျက်ရှိပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Skysports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment