Powered by Blogger.

ချယ်လ်ဆီးအသင်းကို လာမယ့်ရာသီမှာ ပြန်လာဖွယ်ရှိတဲ့ Drogba




ချယ်လ်ဆီးပရိသတ်တွေရဲ့ အချစ်တော် အိုင်ဗရီကို့စ်တိုက်စစ်မှူးကြီး Didier Drogba ဟာ ချယ်လ်ဆီးအသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ တစ်ကျော့ပြန် ပြန်လာနိုင်ချေတွေရှိနေပါတယ်။ သူဟာ အမေရိကန် ကလပ်  Montreal Impact အသင်းမှာ ခြေစွမ်းပြနေပြီး ဂိုးတွေ သွင်းယူထားနိုင်ပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့  သူ့အတွက် မက်လောက်စရာ နည်းပြတာဝန်တွေက သူ့ကို စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပြန်အခြေချဖို့ ဆွဲဆောင်လျက်ရှိနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင် Roman Abramovich ကတော့ Drogba ကို နည်းပြ Guus Hiddink နဲ့ အသင်းကစားသမားတွေကြားမှာ သံတမန်ဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် Drogba ကို အသင်းကို ပြန်လည်ခေါ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

သူလက်ရှိကစားနေတဲ့ အမေရိကန်ကလပ်  Montreal Impact အသင်းကလည်း သူ့ကိုချယ်လ်ဆီးအသင်းကို ပြန်သွားစေလိုခြင်းမရှိပေမယ့်လည်း ကာယကံရှင်ကိုယ်တိုင်ကတော့ လာမယ့်ရာသီမှာ အသင်းဟောင်းကို ပြန်ဖို့ စိတ်အားထက်သန်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့

ကစားသမားကို ရှာဖွေနေပြီဖြစ်တယ်လို့ သိရပါတယ်။
Drogba ဟာ  ချယ်လ်ဆီးအသင်းက ဆန်းဒါးလန်းအသင်းကို သုံးဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး အသင်းပိုင်ရှင် Abramovich ၊ နည်းပြ Hiddink တို့နဲ့ အသင်းကို တစ်ကျော့ပြန်လာဖို့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။သူဟာ ချယ်လ်ဆီးအသင်းမှာ လက်ထောက်နည်းပြမဟုတ်ရင်တောင်  အရေးပါတဲ့ နေရာကနေ ဝင်ရောက်ပါဝင်ရဖွယ်ရှိနေတာကြောင့် လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းမှာ တစ်ကျော့ပြန်မြင်ရဖွယ်ရှိနေပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Skysports


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment