Powered by Blogger.

လန်ဒန်မှာ ကစားတာဆယ်နှစ်ပြည့်ခဲ့တဲ့ Walcott အပေါ် Arsene Wenger ရဲ့ အမြင်


အာဆင်နယ်အသင်းမှာ ကစားတာဆယ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်နှုန်းမြင့် Walcott နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုတော့  အာဆင်နယ်နည်းပြ Arsene Wenger က ပြောပြခဲ့ပါတယ်။ Walcott ဟာအသင်းကို ၂၀၀၆ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး လန်ဒန်မှာ နေထိုင်ခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ သူ အသက် ၁၆ နှစ်အရွယ်မှာတင် ဆောက်သမ်တန်အသင်းကနေ အီမရိတ်စ်ကွင်းကို ခြေချခွင့်ရရှိခဲ့ပါတယ်။

သူဟာ မြောက်လန်ဒန်အသင်းမှာ လာရောက်ကစားစဉ်ကာလမှာ အများကြီးတိုးတက်ပြောင်းလဲလာတယ်လို့ Arsene Wenger က ပြောပါတယ်။

" Theo က အရမ်းထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့မှာ ဘောလုံးနဲ့ ရွေ့လျားတဲ့အချိန်မှာ ကြောက်စရာ အရည်အချင်းတွေ ရှိပါတယ်။ သူကအရမ်းကို ထက်မြက်တဲ့ကစားသမားပါ။ သူဟာ အသင်းအပေါ်လည်း သစ္စာရှိခဲ့ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်းကလည်း အရမ်းကို ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကနဲ့စာရင်တော့ နှိုင်းယှဉ်ဖို့အရမ်းကို ခက်ခဲသွားပါပြီ။ သူအခုဆိုရင် အခွင့်အရေးရရင် ရသလို ဂိုးသွင်းတတ်နေပြီလေ။ သူ့ရဲ့ ဘောလုံးနည်းစနစ်တွေကတော့ ပြောစရာမလိုအောင် ပိုကောင်းလာပါပြီ " လို့ Wenger က ပြီးခဲ့တဲ့ ဆယ်နှစ်က ပုံစံနဲ့ ယှဉ်ပြီး ပြောကြားသွားခဲ့ပါတယ်။

" ဒီနေရာမှာ သူကစားတာ ဆယ်နှစ်ကြာခဲ့ပြီ။ သူက အာဆင်နယ်ကို အရမ်းမြတ်နိုးပြီး နောက်ထပ်လေး ၊ ငါးနှစ်လောက်အထိ ကောင်းကောင်းကစားနိုင်အုံးမှာပါ။ သူက အမြဲတမ်းအရှေ့ကို တက်လှမ်းနေပြီး သူ့မှာ ပိုကောင်းအောင် ကစားနိုင်စွမ်းတွေ ရှိနေသေးတယ်။ သူဆောက်သမ်တန်မှာ လူငယ် FA ဖလားကို ကစားနေတုန်းက စသတိထားမိခဲ့တယ်။ သူက ဘယ်ခြမ်းမှာ ကစားရတာကိုကြိုက်တယ်။ သူကအခုဘောလုံးအတိုင်းရွေ့လျားကစားနေနိုင်ပြီလေ။ သူ့ရဲ့ လျင်မြန်မှုနဲ့ ဖြတ်ထိုးဥာဏ်တွေက သူ့ကို အကောင်းဆုံးဖြစ်လာစေတဲ့ အဓိက အချက်တွေပဲ။ " လို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိခဲ့ပြီဖြစ်တဲ့ Walcott ဟာဆိုရင်တော့ လက်ရှိကစားနေတဲ့ကစားသမားတွေကြားမှာ အာဆင်နယ်အသင်းနဲ့ သက်တမ်းအရှည်ဆုံးကစားသမားဖြစ်ပြီး နောက်ထပ်ကွင်းလယ်လူဖြစ်တဲ့ Rosicky ကတော့ သူရောက်ရှိပြီး လေးလအကြာ ၂၀၀၆ ခုနှစ် မေလမှာ အသင်းကို စတင်ရောက်ရှိခဲ့တာပါ။ Walcott ဟာ အာဆင်နယ်အတွက် ၃၂၆ ပွဲကစားထားပြီး ၈၁ ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment