Powered by Blogger.

ယူနိုက်တက်ရဲ့ ဂန္တဝင်တစ်ယောက်ဖြစ်လာနိုင်ဖို့ ဘယ်အသင်းကိုမှ မပြောင်းဘူးဆိုတဲ့ De Gea




မန်ယူအသင်းရဲ့ ဂိုးသမား De Gea ဟာဆိုရင်တော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက မန်ယူအသင်းကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းတော့မလိုလိုဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဆက်ရှိနေတဲ့ De Gea က သူဟာ သူ့ကို လာကမ်းလှမ်းတဲ့ ဘယ်အသင်းကို မဆို ပယ်ချသွားမှာဖြစ်ပြီး ယူနိုက်တက်မှာ ဂန္တဝင်တစ်ယောက်အဖြစ် ဆက်ရှိနေဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

သူ့ကိုတော့ အခုလောလောဆယ်မှာ စပိန်ထိပ်သီး ရီးရဲလ်အသင်းကပဲ ပြန်ပြီး ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပေမယ့်လည်း သူကတော့ အခုလိုပြောဆိုပြီး ကောလဟလတွေကို အဆုံးသတ်လိုက်တာပါ။ " ကျွန်တော်အသင်းမှာ လေ့ကျင့်ရေးလုပ်တိုင်း အသင်းနဲ့ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ကျွန်တော်အသင်းရဲ့ ဂိုးသမားဟောင်းတွေဖြစ်တဲ့ Schmiechel နဲ့ Van der Sar တို့ကို ကြည့်လိုက်တဲ့အချိန်မှာလည်း သူတို့က အသင်းရဲ့ ကမ္ဘာကျော်ဂိုးသမားတွေဖြစ်နေပါတယ်။ ကျွန်တော်လိုချင်တာ အဲ့ဒီလို အောင်မြင်မှုပါပဲ " လို့ De Gea က ပြောပါတယ်။ 

အသက် ၂၅ နှစ်အရွယ် စပိန်လက်ရွေးစင်ဂိုးသမားကတော့ မန်ယူအသင်းရဲ့ အရေးပါတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ကျေအောင် စောင့်ကြပ်ပေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်.။ သူ့ရဲ့ အခုလို ပြောလိုက်တဲ့ စကားတွေကြောင့် မန်ယူပရိသတ်အတော်များများကတော့ ဝမ်းမြောက်နေကြပြီး အသင်းမှာ တကယ့်ဂန္တဝင်ဖြစ်လာဖို့ကိုလည်း မျှော်လင့်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။




( Paing A K )



#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment