Powered by Blogger.

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း(၃၀) စာရင်းကို ထုတ်ပြန်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် Deloitte Football Money League ကနေထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း (၃၀) စာရင်းမှာတော့ စပိန်ဘီလူးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကတော့ ဝင်ငွေပေါင် ၄၄၄.၅ သန်း ၊ ၄၃၁.၂ သန်းနဲ့ ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ နောက်ထပ်ထူးခြားတာကတော့  ပရီးမီးယားလိဂ်က ၁၇ သင်းအထိပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ နာမည်ကျော် မန်ယူအသင်းကတော့ စတာလင်ပေါင် သန်းလေးရာနဲ့ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံးအသင်းအဖြစ်ဦးဆောင်ခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနေရာမှာတော့ တတိယနေရာမှာ ရောက်ရှိနေပါတယ်။

ဒီစာရင်းကိုတော့ ကွင်းဝင်ငွေ ၊ ရုပ်သံဝင်ငွေနဲ့ စီးပွားရေးဝင်ငွေ စတဲ့ နယ်ပယ်သုံးခုကနေ အချိုးကျတွက်ချက်ခဲ့တာပါ။ ကွင်းဝင်ငွေအကောင်းဆုံး အသင်းနေရာမှာတော့ အာဆင်နယ်အသင်းက စတာလင်ပေါင် ၁၀၁ သန်းနဲ့ ထိပ်ဆုံးကရပ်တည်နေပြီး ရီးရဲလ်နဲ့ ဘာကာတို့ကတော့ သန်း ၁၀၀ ၊ သန်း ၉၀ နဲ့ အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။



ကွင်းဝင်ငွေအကောင်းဆုံး အာဆင်နယ်အသင်း

ရုပ်သံထုတ်လွှင့်မှုကနေ ဝင်ငွေအများဆုံးရရှိတဲ့အသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းဖြစ်ပြီး စတာလင်ပေါင် ၁၅၄ သန်းနဲ့ ရပ်တည်လျက်ရှိပါတယ်။ အခြားစီးပွားရေး နယ်ပယ်ကနေ ဝင်ငွေအများဆုံးရတဲ့အသင်းကတော့ ပြင်သစ်ကလပ် PSG အသင်းဖြစ်ပြီး ပေါင် ၂၂၈.၈ သန်းအထိ ဝင်ငွေတွေရရှိနေပါတယ်။




ဒီလို နယ်ပယ်သုံးခုက ဝင်ငွေတွေကို အားလုံးပေါင်းလိုက်တဲ့ အခါမှာတော့ ပရီးမီးယားလိဂ်က ၁၇ သင်းအထိ ထိပ်ဆုံး အသင်း ၃၀ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာ ဝင်ငွေအကောင်းဆုံး တတိယနေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ လာမယ့်နှစ်မှတော့ ဝင်ငွေအကောင်းဆုံး  အသင်းဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail











Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment