Powered by Blogger.

ပေါင်သန်း ၅၀ လောက်အသုံးပြုပြီး ကစားသမားနှစ်ယောက်ကို ခေါ်ယူဖို့အသင့်ဖြစ်နေတဲ့ အာဆင်နယ်



အာဆင်နယ်အသင်းကတော့ အခုအပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အဓိကထားပြင်ဆင်လျက်ရှိပြီး ဘေဆယ်ကွင်းလယ်လူ Elneny ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ Arsene Wenger ကတော့ ကွင်းလယ်ကို ထပ်အားဖြည့်ဖို့ ပြုလုပ်လျက်ရှိနေပြီး လေဗာကူဆင်ကွင်းလယ်ကစားသမား Lars Bender နဲ့ မိုချင်ဂလာဘတ်ကွင်းလယ်ကစားသမား Xhaka တို့ကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိပါတယ်။

Lars Bender ကိုတော့ အရင်ရာသီ အပြောင်းအရွှေ့တည်းက အာဆင်နယ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့်လည်း လေဗာကူဆင်အသင်းက ပယ်ချခဲ့ပြီး အခုအချိန်မှာတော့ အာဆင်နယ်အသင်းက ပြန်လည်ကမ်းလှမ်းလာတာဖြစ်ပါတယ်။ သူ့ကိုတော့ အာဆင်နယ်က ပေါင် ၂၈ သန်းနဲ့ စတင်ဆွေးနွေးနေပြီး အခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

မိုချင်ဂလာဘတ်ကွင်းလယ်ကစားသမား Xhaka ကိုတော့ အာဆင်နယ်အသင်းအပြင် ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားလျက်ရှိပြီး အာဆင်နယ်အသင်းကတော့ ပေါင် ၂၆ သန်းနဲ့ စတင်ကမ်းလှမ်းထားပြီဖြစ်တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းတဲ့ ကွင်းလယ်ကစားသမားတွေကိုတော့ အာဆင်နယ်အသင်းက အဓိက ဦးစားပေးခေါ်ယူလျက်ရှိပြီး လာမယ့်နွေရာသီမှာ အသင်းမှာရှိတဲ့ Arteta , Flamini တို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးသွားတော့မှာဖြစ်တာကြောင့် အခုလို ကွင်းလယ်ကို အားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာပါ။

ဒဏ်ရာရကစားသမားတွေ များပြားတတ်တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်မှန်းလျက်ရှိနေတာကြောင့် အသင်းကို အတောင့်တင်းဆုံးဖြစ်အောင် ငွေကြေးသုံးစွဲပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment