Powered by Blogger.

Morata ကို အပြိုင်ကြိုးပမ်းနေတဲ့ မန်ယူနဲ့ လီဗာပူးလ်






မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဂျူဗင်တပ်စ်အသင်းမှာကစားလျက်ရှိတဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူး Morata ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။ သူဟာ ၂၀၁၄-၂၀၁၅ ရာသီမှာတော့ ၁၅ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ သူဟာ ပိုမိုခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ရင်ဆိုင်နေရပြီး စီးရီးအေ ၁၈ ပွဲမှာ တစ်ဂိုးပဲ သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိနည်းပြဖြစ်တဲ့ Allegri ဟာ သူ့ကို နေရာပေးဖို့ထက် အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ Paulo Dybala နဲ့   Mario Mandzukic တို့ကိုသာ ပွဲထုတ်များနေတာကလည်း Morata ကို အသင်းကထွက်ခွာဖို့ တွန်းအားပေးလျက်ရှိနေပါတယ်။ အခုလောလောလတ်လတ်သတင်းတွေအရတော့ Morata ကို အပြောင်းအရွှေ့စကားဆိုနေတာကတော့ လီဗာပူးလ်အသင်းဖြစ်ပြီး ပေါင် ၄၅ သန်းနဲ့ ဈေးညှိလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း သူ့ကို စောင့်ကြည့်လျက်ရှိနေပါတယ်။ Morata ကတော့ အသင်းဟောင်း ရီးရဲလ်ကို ပြန်ချင်နေပေမယ့်လည်း ရီးရဲလ်အသင်းက သူ့ကို ပြန်လည်ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေက ကြိုးစားလာကြတာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ သူ့ကို တိုက်စစ်နေရာမှာ အားဖြည့်ချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေးမြင့်မားတာကြောင့် စဉ်းစားလျက်ရှိတယ်လို့ သိရပါတယ်။

Morata ဟာ ၂၀၁၄ ခုနှစ်တုန်း ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပေါင် ၂၃ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အခုလောလောဆယ်မှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကျန်နေသေးလို့ စာချုပ်လျော်ကြေး ပေါင် ၆၁ သန်းလောက်ရှိနေပေမယ့်လည်း အသင်းကတော့ သူ့ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းအရတော့ အဲဗာတန်ကွင်းလယ်လူ Naismith ဟာ နောဝစ်ခ်ျအသင်းကို ပေါင် ၈.၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Express


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment