Powered by Blogger.

Gareth Bale ဒဏ်ရာကြောင့် ကာလအနည်းငယ်အနားယူရမယ်လို့ အတည်ပြု



ရီးရဲလ်အသင်းရဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ Gareth Bale ဟာဆိုရင်တော့ စပို့တင်းဂီဂျွန်အသင်းကို ငါးဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ ပေါင်ခြံကြွက်သားဒဏ်ရာရခဲ့ပြီး ကာလအနည်းငယ်အနားယူရတော့မှာ ဖြစ်ပါတယ်။ သူဟာ ဒီပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အစပိုင်းမှာတော့ သူ့ရဲ့ ဒဏ်ရာကို မပြင်းထန်ဘူးလို့ ခန့်မှန်းထားခဲ့ကြပေမယ့်လည်း ဆေးစစ်မှုတွေအပြီး သူ့ရဲ့ ညာဘက်ခြေထောက်က ဒဏ်ရာက ပြင်းထန်တယ်လို့ အဖြေထွက်လာခဲ့တာပါ။

" ကျွန်တော်တို့ Gareth Bale ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ပြီးခဲ့ပါပြီ။ သူ့ရဲ့ ကြွက်သားတွေက ဒဏ်ရာပြင်းထန်ပါတယ် " လို့ ရီးရဲလ်အသင်းရဲ့ ဝက်ဘ်ဆိုက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဘယ်လောက်အထိ အနားယူရမယ်ဆိုတာကတော့ အသင်းက ထုတ်ပြန်ခဲ့တာတော့ မရှိခဲ့ပါဘူး။ စပိန်သတင်းစာ Marca  ကတော့ Bale ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်လျက်ရှိတယ်လို့ ပြောပါတယ်။

Bale ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဒီရာသီမှာ နှစ်ကြိမ်အထိအနားယူရဖူးပြီး နှစ်ပတ်စီအနားယူခဲ့ရပါတယ်။ သူဟာ ရီးရဲလ်အသင်းမှာ ခြေစွမ်းကောင်းတွေရရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဂီဂျွန်အသင်းနဲ့ ပွဲက သွင်းဂိုးဟာ အခုရာသီသူ့ရဲ့ ၁၃ ဂိုးမြောက်လည်း ဖြစ်ပါတယ်။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment