Powered by Blogger.

ဂိုးသမား Mignolet ကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ လီဗာပူးလ်နဲ့ နည်းပြသစ်ခန့်အပ်လိုက်တဲ့ ဆွမ်ဆီး



လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ ဂိုးသမား Simon Mignolet ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ အန်ဖီးလ်မှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ဒီရာသီမှာ လက်စွမ်းမပြနိုင်ဖြစ်နေခဲ့တာကြောင့် နည်းပြ Jurgen Klopp က သူ့ရဲ့ နေရာကို အစားထိုးဖို့ ဂိုးသမားတစ်ယောက်ကို ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ် ဂိုးသမားကို အခုအချိန်မှာတော့ လီဗာပူးလ်အသင်းက သက်တမ်းတိုးလိုက်ပြီး အသင်းမှာဆက်ရှိနေခဲ့ပါပြီ။

သူဟာ ၂၀၁၃ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းကနေ လီဗာပူးလ်အသင်းကို ပေါင်ရှစ်သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အသင်းရဲ့ ဂိုးပေါက်ကို သေချာမစောင့်ကြပ်နိုင်တာကြောင့် ဝေဖန်ခံနေရတဲ့ ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတဲ့ ဆွမ်ဆီးအသင်းကတော့ သူတို့ရဲ့ လက်ရှိနည်းပြ Gary Monk ကို ထုတ်ပယ်လိုက်ပြီး အရင်က အီတလီကလပ် အူဒီးနီးစ်အသင်းကို နည်းပြခဲ့ဖူးတဲ့ နည်းပြ Francesco Guidolin ကို ကာလတို စာချုပ်တစ်ရပ်နဲ့ အရေးပေါ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဒီနည်းပြကြီးကတော့ ဘောလုံးလောကမှာ ဝါရင့်နည်းပြတစ်ယောက်ဖြစ်ပြီး အလယ်အလတ်အသင်းတွေကိုသာ ကိုင်တွယ်ခဲ့ဖူးပါတယ်။ အသက် ၆၀ ရှိပြီဖြစ်တဲ့ Francesco Guidolin ဟာ အီတလီမြေမှာတော့ နည်းပြသက်တမ်းတစ်လျှောက်လုံးလိုလို ပြုလုပ်ခဲ့ပြီး အခြားကလပ်အဖြစ်တော့ ပြင်သစ်ကလပ် မိုနာကိုအသင်းကိုသာ ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူ့အတွက်တော့ ဆွမ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးကိုင်တွယ်ဖူးတာဖြစ်ပြီး သူ့အနေနဲ့ ဆွမ်ဆီးအသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။




နောက်ထပ်အပြောင်းအရွှေ့သတင်းအနေနဲ့တော့ နောဝစ်ခ်ျအသင်းဟာ ယခုအပြောင်းအရွှေ့မှာ လေးယောက်မြောက်ခေါ်ယူမှုအဖြစ် ဝုလ်ဖ်ဘတ်နောက်ခံကစားသမား Timm Klose ကို ခေါ်ယူလိုက်နိုင်တယ်လို့ သိရပါတယ်။ ဒီဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူကိုတော့ ပေါင် ၇.၆ သန်းနဲ့ နောဝစ်ခ်ျအသင်းက အရခေါ်ခဲ့တာပါ။ Matt Jarvis, Ivo Pinto နဲ့ Ben Godfrey တို့ရောက်ရှိအပြီးမှာ Klose က ထပ်မံရောက်ရှိလာတာဖြစ်ပြီး နည်းပြသစ် Alex Neil ကတော့ သူ့ရဲ့အသင်းကို တိုက်ပွဲဝင်ချိန်မှာ အသင့်ရှိနေစေဖို့ အားဖြည့်မှုတွေကို ဆက်တိုက်ပြုလုပ်ထားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment