Powered by Blogger.

အပြောင်းအရွှေ့ဈေးကွက်ထဲက ချယ်လ်ဆီးရဲ့ ခြေလှမ်းများ






မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့ အားနည်းနေတဲ့ အသင်းကို ပြန်လည်အားဖြည့်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ဂိုးသွင်းနှုန်းတွေ ကျဆင်းနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ အဓိက ပြုလုပ်သွားမှာပါ။ အဲဗာတန်အသင်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ လက်ရှိအတိုင်းဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိရှိသွားပြီး အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းက ဝင်ရောက်မွှေနှောက်သွားတော့မှာဖြစ်ပါတယ်။

Diego Costa ရဲ့ ကျဆင်းနေတဲ့ ခြေစွမ်းကြောင့် ချယ်လ်ဆီးအသင်းဟာ Costa ရဲ့ နေရာမှာ တိုက်စစ်မှူး တစ်ယောက်ကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒီတိုက်စစ်မှူးနေရာအတွက်တော့ ဘရာဇီးအကျော်အမော်တိုက်စစ်မှူးဖြစ်ခဲ့တဲ့ Alexandre Pato ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ချယ်လ်ဆီးအသင်းကို ရောက်ရှိနိုင်ဖို့ အလားအလာကောင်းနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ Guus Hiddink ရဲ့ အသင်းအတွက်တော့ Pato ဟာ အဓိက ပစ်မှတ်ဖြစ်လာနေပြီး လာရောက်ကစားစဉ်က အောင်မြင်မှုမရခဲ့တဲ့ ဥရောပကို ဘရာဇီးသားကတော့ ပြန်ပြီး လက်စားချေဖို့ အသင့်ဖြစ်နေပါတယ်။

ချယ်လ်ဆီးနောက်ထပ်ပစ်မှတ်ထားနေတာကတော့ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား Gundogan ပါ။ ဒီကစားသမားကိုတော့ ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းနဲ့အပြိုင် ကမ်းလှမ်းသွားရမှာဖြစ်ပြီး ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Ramires နဲ့ ငွေသားအချို့ကိုပါ Gundogan အတွက် အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းကလည်း ဒီလိုကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိပြီး ကစားသမားချင်း အလဲအထပ်ကိုလည်း ပြုလုပ်ချင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ Gundogan သာ ရောက်ရှိလာခဲ့ရင်တော့ ချယ်လ်ဆီးအသင်းအတွက် အကျိုးရှိတဲ့ အဆင့်မြှင့်တင်မှုဖြစ်လာနိုင်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

နောက်ထပ်ချယ်လ်ဆီး ရွှေ့ကွက်လုပ်နေတာကတော့ ဆောက်သမ်တန်နာမည်ကျော်တိုက်စစ်မှူး Graziano Pelle ပါ။ Graziano Pelle ဟာ ဆောက်သမ်တန်အသင်းမှာ သက်တမ်းတိုးစာချုပ်မချုပ်ချင်တော့ဘဲ အသင်းပြောင်းချင်နေသူပါ။

 ဒီရဲ့အီတလီတိုက်စစ်မှူးကိုတော့ ဆောက်သမ်တန်အသင်းကလည်း ဈေးကောင်းရရင်ရောင်းချသွားဖွယ်ရှိပြီး သူ့နေရာကို အစားထိုးနိုင်ဖို့အတွက် ကျူပီအာတိုက်စစ်မှူး Charlie Austin  ကိုလည်း   ဆောက်သမ်တန်အသင်းက ခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် အပြောင်းအရွှေ့ဈေးကွက်တွေထဲမှာ အမွှေကောင်းတဲ့ ချယ်လ်ဆီးအသင်းကတော့ ဘယ်ကစားသမားတွေကို အရခေါ်သွားနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။



( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment