Powered by Blogger.

လျှို့ဝှက်ပရောဂျက်ကို ထုတ်ဖော်ခဲ့တဲ့ Ronaldo









Ronaldo တစ်ယောက်ကတော့ သူ့ရဲ့ လျှို့ဝှက်ပရောဂျက်လို့အမည်ပေးထားတဲ့ အကြောင်းအရာတစ်ခုကို အခုတော့ ထုတ်ဖော်လိုက်ပါပြီ။ သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဘရာဇီးနာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်တဲ့  Allesandra Ambrosio နဲ့ အတူ သူတို့နှစ်ယောက်ဟာ လျှို့ဝှက်ပရောဂျက်တစ်ခုကို လုပ်နေတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကို တွစ်တာစာမျက်နှာပေါ်မှာ တင်ထားခဲ့ဖူးပါတယ်။ အခုတော့ သူတို့ရဲ့ ပရောဂျက်ကို ထုတ်ဖော်ပြသလိုက်ပါပြီ။





သူတို့နှစ်ယောက်ဟာ အမျိုးသားမဂ္ဂဇင်း GQ အတွက် ကာဗာအဖြစ် ဓာတ်ပုံရိုက်ကူးခဲ့ကြတာပါ။ ဒီဓာတ်ပုံတွေထဲမှာတော့ ထင်ရှားတဲ့ ကြွက်သားအဖုအထစ်တွေကို Ronaldo က ထုတ်ဖော်ပြသထားပြီး  Allesandra Ambrosio ကလည်း သူမရဲ့ ကောက်ကြောင်းအလှကိုလည်း Ronaldo နဲ့ အဆက်အဟပ်မိမိ ထုတ်ဖော်ထားတာကို တွေ့ရပါတယ်။











သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကတော့ တကယ်ကိုလန်းနေပြီး အတော်လေးအသက်ဝင် မြိုင်ဆိုင်နေတာကိုလည်း တွေ့ရပါတယ်။ GQ မဂ္ဂဇင်းကတော့ CR7 ဟာ ကမ္ဘာပေါ်မှာ ကြည့်အကောင်းဆုံး ခန္ဒာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။








( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment