Powered by Blogger.

နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ





ဆောက်သမ်တန်အသင်းက သူတို့ရဲ့ တိုက်စစ်မှူး Shane Long ကို လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ကြိုးစားလာတာကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ဒီတိုက်စစ်မှူးကိုတော့ လီဗာပူးလ်နည်းပြ Klopp က ဦးဆောင်ပြီး ပေါင်ရှစ်သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။ Long ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလအတန်ကြာ အနားယူနေခဲ့ရပေမယ့်လည်း အခုလိုမျိုး ပြန်ကစားခွင့်ရချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆောက်သမ်တန်အသင်းအတွက် ရှစ်ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

စိန့်အသင်းဟာ ကျူပီအာအသင်းတိုက်စစ်မှူး Charlie Austin ကို မကြာသေးခင်က ပေါင်လေးသန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းမှာ တိုက်စစ်မှူးတွေ ပိုလျှံနေခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို အခုလို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ Adam Lallana, Dejan Lovren, Nathaniel Clyne နဲ့ Rickie Lambert တို့ကို ကြိုးကြာနီတို့ဆီကို ရောင်းချခဲ့ဖူးပေမယ့်လည်း အခုအခါမှာတော့ Long အတွက် ကြိုးပမ်းမှုကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။



မန်ယူအသင်းကတော့ သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်းတစ်နေရာအတွက် အီတလီနောက်ခံလူ Luca Ercolani ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဒီလူငယ်နောက်ခံလူဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့်လည်း မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် အခုလို သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။



နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဝက်ဒ်ဖို့ဒ်အသင်းဟာ မာလာဂါတောင်ပံကစားသမား Nordin Amrabat ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကိုတော့ ဝက်ဒ်ဖို့ဒ်အသင်းက ပေါင် ၅.၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတာဖြစ်ပြီး ရိုးမားအသင်းတိုက်စစ်မှူး Iturbe နဲ့ Emmanuel Adebayor တို့ကိုလည်း တိုက်စစ်နေရာအတွက် အားဖြည့်ထားပြီးဖြစ်ပါတယ်။






ဆွမ်ဆီးအသင်းဟာ ရလဒ်မကောင်းဖြစ်နေတာကြောင့် အခုလို ရာသီဝက်အပြောင်းအရွှေ့မှာ ငွေကြေးသုံးပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိပါတယ်။ ဆွမ်ဆီးအသင်းနည်းပြ Garry Monk ဟာဆိုရင်တော့ အဲဗာတန်အသင်းတိုက်စစ်မှူး Naismith နဲ့ အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း နာပိုလီကွင်းလယ်လူ De Guzman တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။



နောဝစ်ခ်ျအသင်းကတော့ နယ်သာလန်ကလပ် အူးထရက်ခ်ျအသင်းရဲ့ လူငယ်တိုက်စစ်မှူး Sebastien Haller ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပြီး
ပေါင် ၆.၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒီပြင်သစ်ကစားသမားကိုတော့ နောဝစ်ခ်ျအသင်းက သူတို့ရဲ့ တိုက်စစ်မှူး Lewis Grabban
ကို ဘုန်းမောက်အသင်းကို ပေါင် ၇ သန်းနဲ့ ရောင်းချအပြီးမှာ ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment